ဟောင်ကောင် (တရုတ်)

သြဂုတ် ၉ ရက်က ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားသူများနှင့် သေဆုံးသူအရေအတွက် များလာကြောင်း အတည်ပြု ဖော်ပြမှုများနှင့်အတူ အာရ - ပစိဖိတ် နိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အန္တရာယ်ကို အမြင့်ဆုံးသတိထားလျက်ရှိသည်။  

အိန္ဒိယ

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၃၅၄၉၉ ဦး အပါအဝင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၃၁၉၆၉၉၅၄ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန် လိုက်သော အချက်အလက်များတွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၄၄၇ ဦး ရှိလာမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၄၂၈၃၀၉ ဦးအထိ ရောက်ရှိလာခဲ့သည်။ နိုင်ငံအတွင်း လတ်တလော ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားလျက်ရှိသူ ၄၀၂၁၈၈ ဦးအထိ ရောက်ရှိလာခဲ့သည်။  

အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၀၇၀၉ ဦးရှိပြီး ၁၄၇၅  ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနကဖော်ပြသည်။

နောက်ဆုံး သတင်းအချက်အလက်များကို အခြေခံ၍ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၃၆၈၆၇၄၀ ရှိလာခဲ့ပြီး ကိုဗစ်၁၉ ဖြင့် ဆက်စပ်သေဆုံးသူ ၁၀၈၅၇၁ ဦး ရှိလာခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၄၄၉၅၉ ဦး ရှိလာသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ ၃၁၂၉၆၆၁ ဦးအထိ ရောက်ရှိလာသည်။

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ ကာကွယ်ဆေးထိုး အစီအစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

သြဂုတ် ၆ ရက်အထိ လူပေါင်းအနည်းဆုံး ၂၄ ဒသမ၂၁ သန်းကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်  ထိုးနှံပြီးပြီဖြစ်ကြောင်း သိရပြီး ကိုဗစ်-၁၉ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၅၀ ဒသမ ၆၃ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံသည် လူပေါင်း ၂၀၈ ဒသမ ၂သန်းကို ကာကွယ်ဆေးထိုးပေးနိုင်ရန် ရည်မှန်း ထားကြောင်း သိရသည်။  

မလေးရှား

မလေးရှားနိုင်ငံတွင် သြဂုတ် ၉ ရက်က ကိုဗစ်- ၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၇၂၃၆ ဦး ရှိကြောင်း အတည်ပြု ဖော်ပြမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားသူပေါင်း ၁၂၇၉၇၇၆ ဦးအထိ ရောက်ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြလိုက်သည်။

ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နော်ဟီရှန်အဗ္ဗဒူလာက ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၉ ဦးမှာ ပြည်ပကူးစက်မှုဖြစ်ပြီး ၁၇၂၀၇ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ပြောကြားလိုက်သည်။

နောက်ထပ် ၂၁၂ ဦး ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးကြောင်း ဖော်ပြမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၀၉၆၁ ဦး ရှိလာခဲ့ပြီဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည် ကျန်းမာလာသူပေါင်း ၁၀၄၁၅၈၅ ဦး သို့မဟုတ် ၈၁ ဒသမ ၄ ရာခိုင်နှုန်းရှိလာပြီ ဖြစ်သည်။

ဖိလစ်ပိုင်  

ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၉ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၈၉၀၀ ရှိကြောင်း ဖော်ပြမှုနှင့်အတူ နိုင်ငံအတွင်း စုစုပေါင်း ကိုဗစ်-၁၉ကူးစက်ဖြစ်ပွားသူ ၁၆၆၇၇၁၄ ဦးအထိ ရောက်ရှိလာခဲ့သည်။

ကိုဗစ်-၁၉ ကြောင့် နောက်ထပ်ခြောက်ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း သေဆုံးသူ ၂၉၁၂၈ ဦးအထိရောက်ရှိလာကြောင်း ကျန်းမာရေး  ဝန်ကြီးဌာနက ဖော်ပြသည်။

လူဦးရေသန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၁၆ သန်း ရှိသည်။

နိုင်ငံအတွင်းရှိ အသက်အရွယ်အုပ်စုအားလုံးတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသောကြောင့်  နောက်ထပ် ကိုဗစ်-၁၉ ဝေဒနာရှင်များအနေဖြင့် ဆေးရုံများ၏ ဂရုစိုက်စောင့်ရှောက်မှုကို ခံယူရန် ပိုမိုလိုအပ်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားကတည်းက  ယခုအချိန်အထိ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသည့် ဆေးဝန်ထမ်းပေါင်း ၂၂၀၀၀ နီးပါးရှိသည့်အနက် ၁၀၂ ဦးထက်မနည်း ကိုဗစ်-၁၉ ကြောင့်  သေဆုံးခဲ့ကြောင်း သိရသည်။

ပါကစ္စတန်

ပါကစ္စတန်နိုင်ငံတွင် သြဂုတ် ၉ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၄၀၄၀ ရှိလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၀၇၁၆၂၀ အထိရှိလာခဲ့ပြီး စတုတ္ထလှိုင်းဂယက် ထပ်မံရိုက်ခတ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း အမျိုးသားထိန်းချုပ်ကွပ်ကဲရေးနှင့် စစ်ဆင်ရေးဌာနက ပြောကြားလိုက်သည်။

ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူပေါင်း ၉၆၄၄၀၄ ဦးအထိ ရှိလာခဲ့သည်။ လတ်တလော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ ၈၃၂၉၈ ဦးအထိရှိပြီး ၃၈၀၅ ဦးမှာ ရောဂါအခြေအနေ စိုးရိမ်ရသူများဖြစ်သည်။

ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၅၃ ဦး ရှိလာပြီးနောက် စုစုပေါင်း သေဆုံးသူ ၂၃၉၁၈ ဦး ရှိလာခဲ့ကြောင်း အမျိုးသားထိန်းချုပ်ကွပ်ကဲရေး နှင့် စစ်ဆင်ရေးဌာနက သတင်းထုတ်ပြန်ဖော်ပြ လိုက်သည်။

တောင်ကိုရီးယား

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၄၉၂ ဦး ရှိလာပြီးနောက် စုစုပေါင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၁၂၄၄၈ ဦးအထိ ရောက်ရှိလာခဲ့သည်။ ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူများအနက် ဆိုးလ်မှ ၄၁၄ ဦး ဖြစ်ကာ ချုံဂျီ ပြည်နယ်မှ ၄၀၂ ဦးဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုသည် ယခုအခါတွင် လူနေစည်ကားသည့် မြို့ကြီးပြကြီးများတွင် သာမကဘဲ မြို့တော်မဟုတ်သည့် နေရာဒေသများတွင်ပါ ကူးစက်ဖြစ်ပွားလျက်ရှိသည်။ မြို့တော် မဟုတ်သည့် နေရာဒေသများတွင် ကူးစက်ဖြစ်ပွား လျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူများမှာ ၅၇၄ ဦး သို့မဟုတ် ၃၉ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။

ကိုဗစ်-၁၉ ကြောင့် လေးဦး ထပ်မံသေဆုံးခဲ့သောကြောင့် စုစုပေါင်းသေဆုံးသူ ၂၁၂၅ ဦး အထိရောက်ရှိလာခဲ့သည်။  

ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၅၀၈ ဦး ရှိလာပြီးနောက် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၈၂၃၉၉ ဦးအထိ ရောက်ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ ။

ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ ၂၃ ဦး ရှိလာပြီးနောက် စုစုပေါင်းကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၁၅၈၅ ဦးအထိ ရောက်ရှိလာခဲ့ပြီး ကိုဗစ်-၁၉ မှ ပြန်လည်ကောင်းမွန်လာသူ ၇၆၁၅၅ ဦး ရှိလာပြီဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၀ ရက်က အရွယ်ရောက်ပြီးသူများကို ကိုဗစ်-၁၉ ကာကွယ် ဆေးစတင်ထိုးနှံပေးခဲ့ပြီး ဆယ်ကျော်သက်အရွယ် အသက် ၁၂ နှစ်မှ ၁၇ နှစ်ရှိသူများကို သြဂုတ် ၁ ရက်မှစကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ နိုဝင်ဘာလမတိုင်မီ လူဦးရေ ၁၆ သန်း၏၇၅ ရာခိုင်နှုန်းသို့မဟုတ် လူ ၁၂ သန်းကို ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးပေးရန် ရည်မှန်းထားကြောင်း သိရသည်။

ဆင်ဟွာ