၂၃ အောက်တိုဘာ
အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ထိုင်းနိုင်ငံ ချောင်ဘူရီမြို့၌ ကျင်းပမည့် အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ -ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်-ဒေါ်သက်သက်ဝင်း၊ လက်ထောက်နည်းပြ-ဒေါ်စန်းစန်းမော်၊ ဒေါ်စန်း ယုနိုင်၊ ဒေါ်မေသူထွန်း၊ ဂိုးနည်းပြ-ဦးကိုကိုအောင်၊ အားကစားသမားများအဖြစ် ဂိုး-ဇူးလတ်နဒီ၊ ခင်မြတ်မိုး၊ ကြည်ပြာလင်း၊ နောက် တန်း-ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ အိအိကျော်၊ နှင်းမြသဇင်၊ မိုးမမစိုး၊ ဖြူဖြူဝင်း၊ အလယ်တန်း-လင်းမြင့် မိုရ်၊ မေဖူးကို၊ ဘွဲ့လျန်ကိန်း၊ မိုးမိုးသန်း၊ မေထက်လူ၊ နော်ထက်ထက်ဝေ၊ နွယ်နီဝင်း၊ ပုံ့ပုံ့ပြည့်မောင်၊ ဝင်းဝင်း၊ သဇင်အောင်၊ ရှေ့တန်း-မြတ်နိုးခင်၊ စန်းသော်သော်၊ ဆွေမာအောင်၊ အေးမြတ်ခိုင်တို့ ပါဝင်ကြသည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် ဇူလိုင် ၁ ရက်တွင် စတင်လေ့ကျင့်ခဲ့ပြီး လေးလနီးပါး အချိန်ယူပြင်ဆင်ခဲ့သော်လည်း အာရှထိပ်သီးအသင်းများနှင့် ခြေစမ်းခွင့်မရခဲ့ဘဲ စင်ကာပူလက်ရွေးစင်အသင်းနှင့် တစ်ပွဲ၊ ဗီယက်နမ် ယူ-၁၉ အသင်းနှင့်နှစ်ပွဲသာ ကစားခဲ့ရပြီး အာဆီယံအသင်းများနှင့်သာ ခြေစမ်းပွဲကစားခဲ့ရသည်။
အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ အုပ်စု (က) တွင် ထိုင်း၊ မြောက်ကိုရီးယား၊ သြစတြေးလျ၊ ဗီယက်နမ်၊ အုပ်စု (ခ) တွင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်း သည် အုပ်စုပွဲများအဖြစ် အောက်တိုဘာ ၂၈ ရက်တွင် လက်ရှိချန်ပီယံ ဂျပန်အသင်း၊ အောက်တိုဘာ ၃၁ ရက်တွင် တရုတ်အသင်း၊ နိုဝင်ဘာ ၃ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓါတ်ပုံ- ညီညီစိုးညွှန့်