၂၇ ဒီဇင်ဘာ
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ အာရှအနုပညာထူးချွန်ဆုပေးပွဲတစ်ပွဲဖြစ်တဲ့ "StarHub's Night of Stars Awards" မှာ တရုတ်၊ ဟောင်ကောင်၊ ကိုရီးယား၊ ထိုင်ဝမ်နဲ့ စင်ကာပူတို့မှ အနုပညာရှင် ၃၄ ဦး တက်ရောက်ခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ လီဂျွန်ဂီနဲ့ တရုတ်မင်းသမီး ကျင်လန်းတို့ဟာ ယခုနှစ် ဆုပေးပွဲမှာ ကြီးမားတဲ့အောင်မြင်မှုတွေရရှိခဲ့ကြတဲ့ အာရှကြယ်ပွင့်တွေဖြစ်ခဲ့ကြကြောင်းလည်း သိရပါတယ်။ သူတို့ နှစ်ဦးဟာ ယခုနှစ်ရဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုတွေကို အသီးသီးဆွတ်ခူးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်