နေပြည်တော် ၅ နိုဝင်ဘာ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှဘောလုံး အဖွဲ့ချုပ်(Asian Football Confederation - AFC)၏ အသက်(၁၉)နှစ်အောက် ဘောလုံးပြိုင်ပွဲ(၂ဝ၂ဝ) ခြေစစ်ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အဆိုပါ ခြေစစ်ပွဲစဉ်များအနက် နိုဝင်ဘာ ၆ ရက် မွန်းလွဲ(၃)နာရီတွင် မြန်မာအသင်းနှင့် တရုတ်အသင်း၊ နိုဝင်ဘာ ၈ ရက် ညနေ(၆)နာရီတွင် မြန်မာအသင်းနှင့် တောင်ကိုးရီးယားအသင်း၊ နိုဝင်ဘာ ၁၀ ရက် ညနေ(၆)နာရီတွင် မြန်မာအသင်းနှင့် စင်္ကာပူအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
နိုဝင်ဘာ ၆ ရက်တွင်ကျင်းပမည့် မြန်မာအသင်းနှင့် တရုတ်အသင်းတို့၏ ပွဲစဉ်ကို မွန်းလွဲ ၂ နာရီ ၄၅ မိနစ်မှစတင်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)၊ MRTV Sport Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်