အာရီယာနာဂရန်ဒီနဲ့ လမ်းခွဲပြီး တစ်ပတ်အကြာမှာတော့ ဟာသပညာရှင် ပီတီဒေးဗစ်ဆန်ဟာ ဖျော်ဖြေရေးစင်မြင့်ထက်ကို ပြန်လည်ရောက်ရှိလို့လာပါပြီ။ အာရီယာနာဂရန်ဒီနဲ့ လမ်းခွဲခဲ့ပြီးနောက် ပီတီဒေးဗစ်ဆန်ဟာ ခက်ခဲ့တဲ့အချိန်တွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။

 

ဒါပေမယ့်လည်း သူ့ရဲ့ဖျော်ဖြေရေးပွဲတွေကို ဖျက်သိမ်းတာမျိုးတော့ ထပ်မလုပ်တော့ပါဘူး။ ပီတီနဲ့ အာရီယာနာတို့ဟာ အောက်တိုဘာ ၁၄ ရက်မှာပဲ သူတို့နှစ်ဦးရဲ့စေ့စပ်ပွဲကိုဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ကြပါတယ်။ အာရီယာနာရဲ့ ချစ်သူဟောင်း အသက်၂၆ နှစ်အရွယ် မက်မေလာ သေဆုံးပြီးတဲ့နောက် အာရီယာနာနဲ့ ပီတီတို့လည်း လမ်းခွဲဖို့ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။ အာရီယာနာအနေနဲ့ သူ့ရဲ့စိတ်ဒဏ်ရာတွေကို ကုသဖို့အချိန်တွေ အများကြီး လိုနေသေးတယ်၊ သူ့ချစ်သူဟောင်းသေဆုံးသွားမှုဟာ သူ့ကိုအတော်လေး စိတ်ထိခိုက်စေတယ်လို့ အာရီယာနာနဲ့ရင်းနှီးသူတစ်ဦးက ဟောလိဝုဒ်လိုက်ဖ်ကို ပြောပါတယ်။

 

ပီတီကတော့ အာရီယာနာ သူ့ဆီပြန်လည်မယ်လို့ ယုံကြည်နေတုန်းပါပဲ။ ခရစ္စမတ်မတိုင်မီ ဒါမှမဟုတ် သူ့မွေးနေ့မတိုင်မီ အာရီယာနာနဲ့ပြန်ပြီးလက်တွဲနိုင်လိမ့်မယ်လို့ယုံကြည်နေပါတယ်။ ပီတီဟာ အာရီယာနာကို အချိန်ပေးထားတာပါ၊ အခုနှစ်ကုန်ပိုင်းမှာအခြေအနေတွေ ပြောင်းလဲပြီး သူတို့နှစ်ဦးရဲ့ဇာတ်လမ်းကို ပြန်စနိုင်လိမ့်မယ်လို့မျှော်လင့်နေဆဲပဲလို့ ပီတီဒေးဗစ်ဆန်နဲ့ ရင်းနှီးသူတစ်ယောက်က ဟောလိဝုဒ်လိုက်ဖ်ကိုပြောပါတယ်။

 

ဟောလိဝုဒ်လိုက်ဖ်