အာရှနိုင်ငံများရဲ့ ကိုရိုနာဗိုင်းရပ်စ် ဧပြီ ၁၀ ရက်နေ့ သတင်း

၁၀ ဧပြီ

 

မလေးရှားနိုင်ငံမှာ lockdown ရက်တိုး

 

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုဗစ် - ၁၉  ရောဂါပျံ့ပွားမှု ထိန်းချုပ်နိုင်ရန် အသွားအလာ ပိတ်ဆို့ထားခြင်း (lockdown) ကို ဧပြီ ၂၈ အထိ ရက်တိုးမြှင့် လိုက်ပါတယ်။ မူလက အသွားအလာ ပိတ်ဆို့ထားခြင်း (lockdown) ကို ဧပြီ ၁၄ ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ စီပွားရေးလုပ်ငန်းများ ပိတ်ထားခြင်း၊ ကျောင်းတွေ ပိတ်ခြင်းနဲ့ ပြည်သူတွေကို အိမ်မှာဘဲနေရန် ပြောထားပါတယ်။ မလေးရှားနိုင်ငံသားတွေကို နိုင်ငံခြားကို သွားရောက်ခွင့် တားမြစ်ထားသလို နိုင်ငံခြားသားများကိုလည်း နိုင်ငံတွင်း ဝင်ခွင့် ပိတ်ထားကြောင်း သိရပါတယ်။

 

mdn

 

ကျိုတိုမြို့ကလည်း အရေးပေါ်အခြေအနေ ကြေညာစေချင်ကြောင်းပြော

 

ဂျပန်အစိုးရက တိုကျိုအပါအဝင် ဒေသ ၇ ခုကို အရေးအပေါ်အခြေအနေ ကြေညာထားရာ ကျိုတိုမြို့ကိုလည်း အရေးပေါ်အခြေအနေ ကြေညာထားတဲ့ ဒေသဖြစ်ချင်ကြောင်း ဗဟိုအစိုးကို တောင်းဆိုထားပါတယ်။  ဆူမို နပန်းသမား တစ်ယောက်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း ဆူမိုအသင်းမှ ထုတ်ပြန်ပေမယ့် အသေးစိတ်ကို ထုတ်ပြန်ဖို့ငြင်းဆိုပါတယ်။

 

သီးခြားနေထိုင်သူများကို ကြိုတင်မဲ ပေးခွင့်ရ

 

တောင်ကိုရီးယားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း ရှိ၊ မရှိ စောင့်ကြည့်နေရတဲ့ သီးခြားနေထိုင်သူ ၄၅၀ ကျော်ဟာ လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲ စတင်ပေးခွင့်ရပြီလို့ သိရပါတယ်။

 

 

ဂျာကာမြို့မှာ သွားလာမှု ကန့်သတ်မှု စတင်

 

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမြို့မှာ သွားလာမှု ကန့်သတ်ခြင်းတွေကို စတင်ရာ လမ်းမတွေပေါ်မှာ စစ်သားနဲ့ ရဲသားတွေက စောင့်ကြပ် နေပါတယ်။ အသစ်ချမှတ်တဲ့ စည်းမျဉ်းမှာ လူငါးယောက်ထက်ပိုပြီး စုဝေးခွင့်မရှိခြင်း၊ စားသောက်ဆိုင်တွေဟာ ပါဆယ်သာ ရောင်းခွင့်ရှိခြင်းနဲ့ အများသုံး သယ်ယူပို့ဆောင်ရေးကို လျှော့ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ အခုချမှတ်လိုက်တဲ့ ကန့်သတ်မှုကို ချိုးဖောက်သူတွေဟာ ဒဏ်ငွေအမြောက်အများ ပေးဆောင်ရမှာဖြစ်သလို  ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်ခံကြောင်း သိရပါတယ်။

 

mdn

 

ရှယ်ယာဈေးတက်လာတဲ့ အာရှဈေးကွက်

 

အမေရိကန်အစိုးရက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိနာနေတဲ့ အမေရိကန် စတော့ဈေးကွက်ကို အမေရိကန် ဒေါ်လာ ၂.၃ ထရီလီယံ ချေးပေးမယ်လို့ ပြောပြီးနောက် အာရှစတော့ဈေးတွေ တက်လာကြောင်း သိရပါတယ်။

 

MDN
ကိုးကား - AFP