ရန်ကုန်၊ ဧပြီ ၂၃ 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စန်ရှီးပြည်နယ်၊ ရှီအန်းမြို့၌ ဧပြီ (၂၄) ရက်မှ (၂၆) ရက်အထိ ကျင်းပမည့် အာရှယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ တည်ထောင်မည့် အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့လေကြောင်း ခရီးဖြင့်ထွက်ခွာသွားသည်။    

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာကေသီထွေး၊ ဒုတိယပါမောက္ခချုပ်များ၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်