မော်စကို ဇွန်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အာတိတ်စက်ဝိုင်း အတွင်းရှိ မြစ်တစ်ခုအတွင်းသို့ ဒီဇယ်ဆီတန် ၂၀၀၀၀ ယိုဖိတ်မှုရှိခဲ့ခြင်းကြောင့် အရေးပေါ်အခြေအနေတစ်ရပ် ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ဒီဇယ်ဆီယိုဖိတ်မှုသည် ပြီးခဲ့သည့် သောကြာနေ့က ဆိုက်ဘေးရီးယားဒေသ နိုရီလ်စ်မြို့အနီးရှိ စွမ်းအင်စက်ရုံတစ်ခု၌ လောင်စာဆီသိုလှောင်ကန် ယိုဖိတ် မှုဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

လောင်စာဆီယိုဖိတ်မှုဖြစ်ပွားပြီး နှစ်ရက်အကြာမှသာ တာဝန်ရှိသူများက သိခဲ့ရခြင်းကြောင့်လည်း ဒေါသထွက်မိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါစွမ်းအင်စက်ရုံကို နိုရီလ်စ်နီကယ် ကုမ္ပဏီ၏ ကုမ္ပဏီခွဲတစ်ခုက ပိုင်ဆိုင်ပြီး ကမ္ဘာ့နီကယ် အဓိကထုတ်လုပ်သည့် ကုမ္ပဏီလည်းဖြစ်သည်။

ဒီဇယ်ဆီယိုဖိတ်မှုနှင့်စပ်လျဉ်း၍ အဆိုပါကုမ္ပဏီမှ အကြီးအကဲ၏ တုံ့ပြန်ဆောင်ရွက်မှုကိုလည်း ပြင်းပြင်းထန် ထန် ရှုတ်ချပါကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုပ်သံမှထုတ်လွှင့်သည့် ဗီဒီယိုကွန်ဖရင့် တစ်ခုတွင် ပြောကြားခဲ့သည်။

ဒီဇယ်ဆီယိုဖိတ်မှုကြောင့် စတုရန်းကီလိုမီတာ ၃၅၀ အထိ ညစ်ညမ်းမှုဖြစ်စေခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။ ဒီဇယ်ဆီယိုဖိတ်မှုဖြစ်ပွားခြင်း နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က အမိန့်ချမှတ်ခဲ့ပြီး ယင်းဖြစ်စဉ် ဖြစ်ပွား ပြီးနောက် အဆိုပါစွမ်းအင်စက်ရုံမှ မန်နေဂျာတစ်ဦးကို လည်း ထိန်းသိမ်းထားခဲ့သည်။

ယခုထုတ်ပြန်လိုက်သည့်အရေးပေါ်အခြေအနေသည် ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက် အကူပြုစေရေး ဒီဇယ်ဆီယိုဖိတ်မှုဖြစ်ပွားခဲ့သည့်ဒေသသို့ တပ်ဖွဲ့ဝင်အများအပြားစေလွှတ်ရန် ရည်ရွယ်ကြောင်းလည်း သိရသည်။

ကိုးကား - ဘီဘီစီ ဘာသာပြန် - အလင်းသစ်