လန်ဒန် ၂၁ နိုဝင်ဘာ

ဗြိတိန်ဘုရင်မကြီးနှင့် ဖိလစ်မင်းသားကြီးတို့သည်၎င်းတို့၏ (၇၃)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်အခမ်းအနားကို ယမန်နေ့ က ဝင်ဆာရဲတိုက်၌ ကျင်းပကြောင်း သိရသည်။

ဘုရင်မကြီးသည် ၎င်းအသက် ၂၁ နှစ်အရွယ် ၁၉၄၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် တော်ဝင်ရေတပ်ဗိုလ် ဖိလစ်မောင့်ဘက်တန်နှင့် ဝပ်မင်စတာဘုရားကျောင်း၌ လက်ထပ်ခဲ့သည်။ (၇၃) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ မရောက်မီ တစ်ရက်အလို နိုဝင်ဘာ ၁၉ ရက်တွင် ဝင်ဆာ ရဲတိုက် အုတ်ခန်းမအတွင်း တော်ဝင်ဇနီးမောင်နှံတို့မှာ မြစ်သုံးယောက်ဖြစ်သည့် မင်းသားလေးဂျော့ချ်။ မင်းသမီးလေး ရှားလော့နှင့် မင်းသားလေး လူဝစ်တို့မှပေးသည့် ( မင်္ဂလာနှစ်ပတ်လည် အမှတ်တရကတ်များကို ကြည့်ရှုနေသည့် ဓာတ်ပုံများကို နန်းတော်မှ ထုတ်ပြန်ပြသပေးခဲ့သည်။

အဲလိစဘတ်ဘုရင်မကြီးသည် ၁၉၅၂ ခုနှစ် ကတည်းက ထီးနန်းစိုးစံခဲ့ပြီး ဗြိတိန်ထီးနန်းတွင် နန်းသက် အရှည်ဆုံးဘုရင်မအဖြစ် မှတ်တမ်းဝင်ထားသည်။

ဘုရင်မကြီးမှာ သက်တော် ၉၄ နှစ်ထိ တိုင်အောင် ထီးနန်းကို မစွန့်လွှတ်သေးသော်လည်း အသက် ၉၉ နှစ် ရှိပြီဖြစ်သည့် မင်းသားကြီးဖိလစ်ကမူ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုတာဝန်များ ထမ်းဆောင်ခြင်းမှ အနားယူခဲ့ပြီး ဖြစ်သည်။ အင်္ဂလန်တွင် အသွားအလာကန့်သတ်ထား မှုကြောင့် ဇနီးမောင်နှံတို့မှာ မိမိတို့ဘာသာ သီးခြားခွဲနေခြင်း ဖြင့်ပင် မင်္ဂလာနှစ်ပတ်လည် အခမ်းအနားကို ကျင်းပခြင်း ဖြစ်သည်။

ကိုးကား-ဟိန္ဒူစတန်တိုင်းစ်

ဘာသာပြန်-မေလဲ့သင်း