တာချီလိတ်  ၃၁  မတ် 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ အဲန်မျိုးနွယ်စုများနေထိုင်သည့် ကျေးရွာရှစ်ရွာအနက်မှ သွားလာရေးနှင့် ရေအခက်အခဲဖြစ်ပေါ်နေသည့် ပင်းတောက်ကျေးရွာအုပ်စုအတွင်းရှိ ဝမ်နောင်၊ တင်ထပ်နှင့် ဝမ်ခါမ်းကျေးရွာ သုံးရွာတွင် စေတနာရှင်တို့၏ စုပေါင်းလှူဒါန်းငွေဖြင့် ရေကန်များ ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း သိရသည်။

 

ကျိုင်းတုံမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးက ရေပိုက်တွေကူညီပေးခြင်း၊ ယင်းအုပ်စုရွာများတွင်း ပျမ်းမျှ ရေကန်ခုနှစ်ကန် ဆောက်လုပ်သွားမည်ဖြစ်ရာ ရေကန်အချိုးအစားများမှာ အရှည် (၅) ပေ၊ အကျယ် (၄) ပေ၊ အမြင့် (၄) ပေရှိ ရေကန်များ ဆောက်လုပ်မည်ဖြစ်ကြောင်း၊  အိမ်ခြေ (၂၀) ရှိသော ကျေးရွာတွင် ရေကန် (၁) လုံး၊ အိမ်ခြေ (၈၀) ရှိသည့် ကျေးရွာ (၂) ရွာတွင် ကန် (၃) လုံးစီဖြင့်  ကန်တစ်လုံးလျှင် ငွေကျပ်ခြောက်သိန်းကုန်ကျမည်ဖြစ်ကြောင်း၊ ကျေးရွာများသို့ သွယ်တန်းထားသည့် (၁)လက်မ ရေပိုက်များမှာလည်း သုံးရေအတွက်သာ အဓိကထားသုံးနေရသဖြင့် ရေကန်များတည်ဆောက်ပြီးပါက ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပံ့ပိုးသည့် ရေပိုက်များဖြင့် သွယ်တန်းပေးသွားမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါ တောင်ပေါ်ကျေးရွာ သုံးရွာမှ ဒေသခံများသည် ရေချိုးရန် တောင်အောက်သို့ လေးဆယ်ငါးမိနစ်ကြာ ဆင်းရပြီး ပြန်တက်ချိန်တွင် အချိန် တစ်နာရီခွဲခန့်ကြာမြင့်ကြောင်း သိရသည်။

 

သတင်း- လင်းလတ်

 

ဓာတ်ပုံ- စိုင်းလူးခေး

 

331