၅ ဇွန်

ABC သတင်းဌာနရုံးချုပ်ကို ဒီကနေ့(ဗုဒ္ဓဟူးနေ့)မှာ သြစတြေးလျရဲတပ်ဖွဲ့က သတင်းပေါက်ကြားမှုတစ်ခုကို ဖြိုခွဲရန်အတွက် ဝင်ရောက်ရှာဖွေကြောင်း သိရပါတယ်။ 

နှစ်နှစ်ကြာ ထောက်လှမ်းထားတဲ့ သတင်းတစ်ခုမှာ ပါဝင်တယ်လို့ ယူဆရတဲ့ သတင်းထောက် ၃ ဦးကို အဓိက ပစ်မှတ်ထားပြီး ရဲတပ်ဖွဲ့က ဆစ်ဒနစ်ရှိရုံးခန်းတွေကို လာရောက်ရှာဖွေတာလို့ ABC သတင်းဌာနရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

သြစတြေးလျအထူးတပ်ဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံမှာ အပြစ်မဲ့တဲ့ အမျိုးသားတွေနဲ့ ကလေးငယ်တွေကို သတ်ခဲ့ကြောင်း သြစတြေးလျအစိုးရရဲ့ မှတ်တမ်းတွေကို ABC သတင်းဌာနက ၂၀၁၇ ခုနှစ်က ရရှိခဲ့ပါတယ်။ 

ABC သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဂျွန် လီက လာရောက်ရှာဖွေရာတွင် ရဲတပ်ဖွဲ့ကိုင်ဆောင်လာတဲ့ ရှာဖွေခွင့်မှာ သတင်းထောက်တွေရဲ့ လက်ရေးမှတ်စုများ၊ အီးမေးများ၊ သတင်းအကြမ်းစာရွက်များ၊ ဗီဒီယိုဖိုင်များ၊ passwords နဲ့ တခြားအရာများပါ ရှာဖွေခွင့်ရှိကြောင်း ပြောပါတယ်။

 

mdn


အမျိုးသားသတင်းဌာနတစ်ခုအနေနဲ့ အခုလိုမျိုး ဝင်ရောက်ရှာဖွေမှုဟာ ပုံမှန်မဟုတ်ကြောင်း ABC သတင်းဌာနရဲ့ မန်းနေဂျင်းဒါရိုက်တာ ဒေးဘစ် အန်ဒါဆင်က ပြောပါတယ်။ 

သြစတြေးလျရဲတပ်ဖွဲ့က “၁၉၁၄ ခုနစ်ကပြဌာန်းခဲ့သော ဥပဒေအရ ထုတ်ပြန်တဲ့သတင်းအချက်လက်တွေက ခွင့်ပြုချက်မရှိဘဲ တင်ပြခြင်းနဲ့ သက်ဆိုင်သော ရာဇဝတ်မှုဥပဒေ”  အရ အခုလိုရှာဖွေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

ပြန်လည်အရွေးခံခဲ့ရတဲ့ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်ရဲ့ လန်ဒန်ခရီးစဉ်မှာ သြစတြေးလျမှာ သတင်းလွတ်လပ်ခွင့် အပြည့်အဝရှိပါတယ်။ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်ထားတဲ့ ဥပဒေတွေကလည်း အတိအကျရှိနေပါတယ်။ လွှတ်တော်က ပြဌာန်းထားတဲ့ ဥပေဒေတွေအရ သြစတြေးလျအမျိုးသားလုံခြုံရေးကို ကာကွယ်ထားတဲ့ ဥပဒေတွေရှိတယ်။ အဲဒီဥပဒေတွေကို လူတိုင်းက လိုက်နာဖို့လည်း ရှိနေတယ်လို့ ပြောပါတယ်။ 

အတိုက်အခံပါတီရဲ့ ပြည်ထဲရေးဝန်ကြီးကတော့ ဘာကြောင့် အခုလို ရှာဖွေရတာလဲဆိုတာကို ရှင်းချက်တောင်းထားသလို အမျိုးသားလုံခြုံရေးဆိုတဲ့ စကားလုံးက သိပ်ရှုပ်ထွေးတယ်။ အဲဒါကို မှန်ကန်တဲ့ အပြန်အလှန်ထိန်းကျောင်းခြင်း (Check and Balance) ရှိဖို့ အမြဲလိုအပ်တယ်လို့ ပြောပါတယ်။

အခုလို ABC သတင်းဌာနကို ဝင်ရောက်မရှာဖွေခင် ကန်ဘာရာမှာ နေထိုင်တဲ့ သတင်းထောက်တစ်ဦးရဲ့ အိမ်ကိုလည်း ဝင်ရောက်ရှာဖွေကြောင်း သိရပါတယ်။

MDN
ကိုးကား - AFP