လွိုင်ကော် ၅ စက်တင်ဘာ
ကယားပြည်နယ်၊ လွိုင်ကော်မြို့ သာသနာ့ဗိမာန်တွင် ဖွင့်လှစ်လျက်ရှိသော ဓမ္မဗျူဟာ သာသနာ့ မာမကအဖွဲ့ (ကယားပြည်နယ်) မှ အဘိဓမ္မာ သင်တန်းသား/ သင်တန်းသူ (၅၄) ဦးအား ရန်ကုန်တိုင်းဒေသကြီး အဘိဓမ္မာ ပြန့်ပွားရေးအသင်းကြီးမှ ကျင်းပမည့် (၅၂) ကြိမ်မြောက် အဘိဓမ္မာ စာပြန်ပွဲတော် သွားရောက်ဖြေဆိုရန်အတွက် ထောက်ပံငွေပေးအပ်ခြင်းကို ယနေ့ညနေ ၃ နာရီက ကယားပြည်နယ် ဝန်ကြီးချုပ်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် အဘိဓမ္မာစာပြန်ပွဲတော် သွားရောက်ဖြေဆိုမည့် သင်တန်းသား/သင်တန်းသူများ ခရီးစဉ် အဆင်ပြေစေရေးအတွက် စာဖြေပုဂ္ဂိုလ် တစ်ဦးလျှင် (၃၀ဝဝဝ) ကျပ်နှုန်းဖြင့် စုစုပေါင်း (၅၄) ဦး အတွက် ၁၆ သိန်း ၂ သောင်းကျပ်ကို ထောက်ပံ့ပေးအပ်ရာ ဓမ္မဗျူဟာ သာသနာ့မာမကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
လွိုင်ကော်သား


