၂၉ ဇွန်

ပဲရစ်ဂျက်ဆင် ဟာ  သူရဲ့အဘိုးဖြစ်သူဟာ သူတွေ့ဖူးသမျှထဲမှာ အကြံခိုင်ဆုံးလူသားပဲလို့ ချီးကျူးစကား ပြောလိုက်ပါတယ်။ ပဲရစ်ဂျက်ဆင်ရဲ့အဘိုး၊ မိုက်က်ဂျက်ဆင်ရဲ့အဖေဖြစ်သူ ဂျိုးလ်ဂျက်ဆင်ဟာ ဗုဒ္ဓဟူးနေ့ကပဲ ကွယ်လွန်သွားပြီဖြစ်တယ်။ အသက် ၉၈ နှစ်အရွယ်မှာ သေဆုံးခဲ့တာဖြစ်တယ်။ ပဲရစ်ဟာ အဘိုးဖြစ်သူနဲ့ လက်ချက်တွဲပြီး ရိုက်ထားတဲ့ပုံကို အင်စရာဂမ်ပေါ်တင်ခဲ့ပါတယ်။ သူဟာ ချီးကျူးဂုဏ်ပြုအထိုက်ဆုံး ပုဂ္ဂိုလ်လို့လဲ ပဲရစ်က ပြောလိုက်ပါတယ်။

ဂျိုးလ်ဟာသူ့ကလေးတွေနဲ့ မိသာစုတီးဝိုင်းစထောင်တော့ မိုက်ကယ်ဂျက်ဆင်ဟာ ၅ နှစ်သားပဲရှိပါသေးတယ်။ စည်းကမ်းတင်းကျပ်တဲ့ အဖေလို့နာမည်ကျော်တဲ့ ဂျိုးလ်ဟာ တစ်နေ့မှာ ၃ နာရီလောက် ကလေးတွေကို အစမ်းလေ့ကျင့်ခိုင်းပါတယ်။ ၁၉၉၃ ခုနှစ်တုန်းက အော်ပရာဝင်းဖရေးနဲ့အင်တာဗျူးမှာ ဖခင်ရဲ့ ရိုက်နှက်မှုကိုခံရလို့ အဖေကိုမြင်ရင်တောင် လန့်ပြီးဖျားတယ်လို့ မိုက်ကယ်ဂျက်ဆင်က ဖြေခဲ့ဖူးပါတယ်။ ဒါပေမယ့် ဂျိုးကတော့ သူဟာကလေးတွေကို ရိုက်နှက်ခြင်းမရှိဘူးလို့ ငြင်းပါတယ်။ မြေးဖြစ်သူပဲရစ်ကတော့ အဘိုးနဲ့အမြဲလိုလို နီးနီးကပ်ကပ်ရှိနေသူပါ။ အဘိုးအတွက်ဂုဏ်ယူသလို အဘိုးရဲ့မြေး ဖြစ်ရတဲ့အတွက်လည်း ဂုဏ်ယူတယ်လို့ ပဲရစ်ကပြောပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်းအနားယူပါ မကြာခင်အိမ်မက်ထဲမှာ တွေ့ဆုံမယ်လို့ ပြောပြီးပဲရစ်ဟာသူ့အဘိုးအတွက် ဂုဏ်ပြု စကားကို နိဂုံးချုပ်ခဲ့ပါတယ်။

ခြူးစန္ဒီနွေး

ကိုးကား-ဟောလိဝုဒ်လိုက်ဖ်