မန္တလေး ၂၄ မတ်

 

မန္တလေးမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များကို ဆိုင်တွင်ရောင်းချခြင်းမပြုဘဲ ပါဆယ်များသာ ရောင်းချကြရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်လိုက်ကြောင်း သိရသည်။

 

ဆိုင်တွင် ရောင်းချပါက လူစုလူဝေးဖြစ်ပေါ်စေနိုင်သောကြောင့် ပါဆယ်များသာရောင်းချရန် လာရောက် ပြောဆိုကြောင်း မောင်သိန်းမြီးရှည်ဆိုင်က သိရသည်။

 

ကျနော်တို့ဆီမကို တရားဝင်စာနဲ့ လာပြောတာတော့ မဟုတ်သေးဘူး။ အစိုးရက ညွှန်ကြားတယ်လို့ လာပြောသွားတယ်။ ထုတ်ပြန်တဲ့အတိုင်း လိုက်နာရမှာပေါ့မောင်သိန်းမြီးရှည်ဆိုင် ပိုင်ရှင်က ပြောသည်။

 

ကျန်းမာရေး ဝန်ကြီးဌာန၏ မနေ့ညက ၁၁ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးရှိသူ နှစ်ဦးကို တွေ့ရှိပြီးနောက်မှာ ဆိုင်တွေကို ထုတ်ပြန်ညွှန်ကြားထားကြောင်း သိရသည်။ လက်ရှိမှာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအပါအဝင်၊ ဂိမ်းဆိုင်တချို့ကိုလည်း လာရောက် ပြောကြားသွားသည်ဟု ဆိုင်ရှင်တချို့က အတည်ပြုခဲ့သည်။

 

ဖြိုးအိ