မန္တလး  ၁၃  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် International Finance Corporation(IFC) တို့ပူးပေါင်း၍ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၂ရက် နံနက် ၈ နာရီခွဲက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၄×၇၈ လမ်းထောင့်၊ ရတနာပုံစူပါစင်တာ၊ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။

 

mdn

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်နှင့် (IFC) မှ မြန်မာနိုင်ငံဆိုင်ရာ အရာရှိ ဒေါ်ခင်သီတာမော်တို့က အမှာစကား ပြောကြားပြီး (IFC) မှ စီမံချက်မန်နေဂျာ Mr.Bas Rozemuller က (IFC)၏ လုပ်ဆောင်မှုများနှင့် မြန်မာနိုင်ငံအတွင်း ကူညီဆောင်ရွက်ချက်များ အကြောင်းကိုလည်းကောင်း၊ (IFC)မှ အကြံပေး Mr. Pantulu N.L.B က  "Better Food Safety : How To Minimize Risk"  ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး၍ ဦးအောင်မြတ်ကို (အမှုဆောင်ဒါရိုက်တာ၊ ပြည့်ဖြိုးအောင်ကုမ္ပဏီအုပ်စု) က အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ထူထောင်မှုအတွေ့အကြုံများအကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် (IFC)မှ အကြံပေး ဒေါ်စိမ့်ရည်ထက်က Moderator အဖြစ် ဆောင်ရွက်၍ ဦးအောင်မြတ်ကို (အမှုဆောင်ဒါရိုက်တာ၊ ပြည့်ဖြိုးအောင်ကုမ္ပဏီအုပ်စု)၊ ဒေါ်ယမင်းနိုင် (အမှုဆောင်ဒါရိုက်တာ၊ သိင်္ဂီဆန်း)၊ ဒေါ်မြင့်မြင့်ခင်(မြင့်မြင့်ခင်-ထိုးမုန့်)၊ ဦးဇော်ဇော် (သားသားဆန်ပြုတ်) တို့က “Success and Lessons Learnt from Implementation of Food Safety System in Myanmar Business" ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က နိဂုံးချုပ်စကားပြောကြားသည်။

 

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ညီနောင်စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အသင်းဝင် စီးပွားရေးလုပ်ငန်းရှင်များ၊ International Finance Corporation(IFC) မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

တင်မောင်မန်းကိုယ်ပွား