အစားအသောက်ဆေးဝါးနှင့် အလှကုန် အန္တရာယ်ကင်းရှင်းရေး(FDA)မှ အသိပညာပေးဟောပြော

ဖားဆောင်း ၂၈ ဇန်နဝါရီ     

           

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ကျောင်းသား/ကျောင်းသူများအား အစားအသောက်ဆေးဝါးနှင့် အလှကုန်ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီလ၂၈ ရက်နေ့တွင် ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်းမြို ့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ (ဆေးဖက်ကျွမ်းကျင်-၂) ဒေါ်ဖြိုးသီရိဝေက ဆေးဝါးများစနစ်တကျ သိုလှောင်သိမ်းဆည်းနည်းနှင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးဆိုင်များမှတစ်ဆင့် ဝယ်ယူရာတွင် သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးဝယ်ယူသင့်ကြောင်း၊ အစားအသောက်များတွင်လည်း ဓာတုဆိုးဆေးများဖြင့် ပြုလုပ်ထားသော ငါးပိ/ငါးခြောက်၊ မုန့်မျိုးစုံနှင့် အချိုရည်များကို စားသုံးရန်မသင့်ကြောင်းနှင့် အလှကုန်ပစ္စည်းများကိုလည်း online မှတစ်ဆင့် ဝယ်ယူသုံးစွဲရန် မသင့်ကြောင်း၊ မိမိနှင့်အကျွမ်းဝင်သော ဆိုင်များမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

 

ထို့နောက် ကျောင်းသား/ကျောင်းသူများအား အစားအသောက်ဆေးဝါးနှင့် အလှကုန်အကြောင်း မေးခွန်းများ မေးမြန်း၍ အဖြေမှန်သူများကို ဆုလက်ဆောင်များ ပေးအပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့သည်။

 

အဆိုပါဟောပြောပွဲ သို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ပူးပေါင်းဖွဲ့စည်းထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ စုစုပေါင်းအင်အား ၄၀ဝခန့် တက်ရောက်လေ့လာခဲ့ကြကြောင်းသိရသည်။

 

နေလင်း(ညောင်လေးပင်)