မင်းတပ် ၂၀ ဇန်နဝါရီ
မင်းတပ်မြို့၌ ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှု ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီ၏ကြီးကြပ်မှု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် အစားအသောက်နှင့်အဖျော်ယမကာ ဝန်ဆောင်မှုအရည်အသွေးမြင့်မားရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဟိုတယ်မင်းတပ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ချင်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်ဖြိုးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းကို ဇန်နဝါရီ ၂၀ မှ ၂၄ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် ဟိုတယ်နှင့် ဧည့်ရိပ်သာ၊ မြို့ပေါ်/ကျေးရွာ စားသောက်ဆိုင်မှလူငယ်လူရွယ် (၄၄) ဦးတက်ရောက်ကြကြောင်း သိရသည်။
လင်းလင်း(ပြန်/ဆက်)