ဝါရှင်တန်    အောက်တိုဘာ    ၂၃

အမေရိကန်ပြည်ထောင်စုနှင့်    အနောက်ငါးနိုင်ငံ ခေါင်းဆောင်များသည်    အစ္စလာမ္မစ်စစ်သွေးကြွ ဟားမားစ်တို့နှင့်    တိုက်ခိုက်ရာတွင်    အစ္စရေးကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ထို့အတူ ကမ္ဘာ့ခေါင်းဆောင်များသည် အစ္စရေးကို နိုင်ငံတကာ  လူသားချင်းစာနာထောက်ထားမှု ဥပဒေများကို လေးစားလိုက်နာရန်နှင့် အရပ်သားများကို ကာကွယ်ရန် တိုက်တွန်းပြောကြားခဲ့သည်။

အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒင်သည် အင်္ဂလန်၊ ပြင်သစ်၊   ဂျာမနီ၊   အီတလီနှင့်    ကနေဒါ   နိုင်ငံ့ ခေါင်းဆောင်များကို ဖုန်းဖြင့်ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၂၂ ရက်က ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ပြန်လိုက်သော ပူးတွဲကြေညာချက်တွင် ခေါင်းဆောင်များသည် အစ္စရေးကို ထောက်ခံကြောင်းနှင့် အကြမ်းဖက်မှုကို မိမိကိုယ်တိုင် ကာကွယ်ရန် အခွင့်အရေးရှိကြောင်း ပြောကြားလိုက်သည်။

ဟားမားစ်တို့၏ခြေကုပ်နေရာများကို တိုက်ခိုက်ရာတွင်   ဂါဇာကမ်းမြောင်ဒေသရှိ   ဒေသခံများအတွက် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် တောင်းဆိုလိုက်သည်။

ဓားစာခံများကို ချက်ချင်းလွှတ်ပေးရန်နှင့် ဂါဇာမှ ထွက်ခွာရန် ဆန္ဒရှိသော မိမိတို့နိုင်ငံသားများနှင့်လည်း အနီးကပ်ညှိနှိုင်းဆောင်ရွက်ရန်လည်း ကမ္ဘာ့ခေါင်းဆောင်များက တိုက်တွန်းထားသည်။

အင်န်အိတ်ချ်ကေ