ဂျေရုဆလင် ဇွန် ၈
အစ္စရေးနိုင်ငံ ဘင်ဂူရီယန် လေဆိပ်မှတစ်ဆင့် နိုင်ငံတကာခရီးသည်များ သွားလာမှုမှာ ပြီးခဲ့သည့် နှစ် အလားတူကာလနှင့်နှိုင်းယှဉ်လျှင် ၂၀၂၅ ခုနှစ်ပထမ ငါးလအတွင်း ၅၀ ရာခိုင်နှုန်းမြင့်တက် လာခဲ့ကြောင်း အစ္စရေးလေဆိပ် အာဏာပိုင်အဖွဲ့က ဇွန် ၈ ရက် တွင် ပြောသည်။
ဇန်နဝါရီလမှ မေလအတွင်း လေဆိပ်သို့ခရီးသည် စုစုပေါင်း ၆ ဒသမ ၈၇ သန်း သွားလာခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလတွင် ခရီးသွား ၄ ဒသမ ၅၈ သန်း လာရောက်ခဲ့သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် လက်ဘနွန်နယ်စပ်တစ်လျှောက် ဟစ်ဇ်ဘိုလာနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ် ခဲ့ပြီးနောက် နိုင်ငံတကာလေကြောင်းလိုင်းများ အစ္စရေးနိုင်ငံသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိ လာသည့်အတွက် ယခုကဲ့သို့ လေဆိပ်သို့ဝင်ရောက်သည့် ခရီးသွားဦးရေတိုးလာခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ