၁၃ ဒီဇင်ဘာ 

အစ္စရေးနိုင်ငံဟာ ဟိမဝန္တာတောင်တန်းက ဘူတန်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေး စတင်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက စနေနေ့က ကြေညာလိုက်ပါတယ်။ 

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက အစ္စရေးကို လက်ခံလာတဲ့ အဝန်းအဝိုင်းက ကျယ်ပြန့်လာကြောင်း၊ အာရှမှာ အစ္စရေးရဲ့ ဆက်ဆံရေးက ကျယ်ပြန့်လာကြောင်း၊ ဘူတန်ကြားက သံတမန်ဆက်ဆံရေးကို ထူထောင်လိုက်ကြောင်း စနေနေ့က သဘောတူညီချက်မှာ လက်မှတ်ရေးထိုးအပြီး ပြောပါတယ်။ 

အိန္ဒိယနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်က သမိုင်းဝင်တဲ့နေ့ဖြစ်လာကြောင်း၊ အခုသဘောတူညီချက်ကနေ နှစ်နိုင်ငံသားတွေအတွက် အခွင့်အရေးကောင်းတွေနဲ့ ရလဒ်ကောင်းတွေ ဖန်တီးသွားမယ်လို့ တွစ်တာမှာရေးသားထားပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မော်ရော့ကိုနိုင်ငံက ဂျူးဘာသာရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုကို ကျောင်းသင်ခန်းစာမှာ ထည့်သွင်းသင်ကြားရန် သဘောတူထားကြောင်း သိရပါတယ်။ လေးလအတွင်းမှာ အခုလို ဂျူးဘာသာသမိုင်းနဲ့ ယဉ်ကျေးမှုးကို သင်ခန်းစာမှာ ထည့်သွင်းသင်ကြားရန် သဘောတူတဲ့ အာရပ်နိုင်ငံတွေထဲမှာ မော်ရော့ကိုဟာ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပါတယ်။ 

လူဦးရေ ၉ သန်းနီးပါးနေထိုင်တဲ့ ဘူတန်ဘုရင့်နိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကြားမှာ ရှိနေပါတယ်။ ဘူတန်နိုင်ငံဟာ ကမ္ဘာမှာ ပျော်စရာအကောင်းဆုံးနိုင်ငံအဖြစ် ထင်ရှားပါတယ်။ နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးဟာ အမှီခိုကင်းပြီး သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံ ၅၀ လောက်သာရှိတာကို တွေ့ရပါတယ်။ ဘူတန်ဟာ နိုင်ငံတကာနဲ့ဆက်ရေးကို အခုချိန်မှာ စတင်လုပ်ဆောင်နေတဲ့ နိုင်ငံအဖြစ် လူသိများပါတယ်။

MDN
ကိုးကား - AFP