ဂါဇာ  ၁ ဧပြီ

ဂါဇာကမ်းခြေမှ  အစ္စရေးသို့ ဒုံးကျည်ငါးစင်းပစ်လွှတ်ခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် မတ် ၃၁ ရက် အစောပိုင်းတွင် ဟားမားစ် စစ်စခန်းများရှိရာသို့ အစ္စရေး သံချပ်ကာယာဉ်များက လက်နက်ကြီး အစ္စရေး၊ ဂါဇာနယ်စပ်တွင် ဖြစ်ပွားသည့် ပဋိပက္ခများအတွင်း လေးဦးသေဆုံးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အစ္စရေးနှင့် ဂါဇာနယ်စပ်  တစ်လျှောက် ပါလက်စတိုင်းပြည်သူများက ဆန္ဒဖော်ထုတ်မှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက်  နာရီအနည်းငယ်အကြာတွင်  ထိုသို့  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဒုံးကျည်ပစ်ခတ်မှုနှင့် အစ္စရေးတို့ဘက်မှ  တုံ့ပြန်ပစ်ခတ်မှုများအတွင်း  သေကျေပျက်စီးသူမရှိခဲ့ကြောင်း ဂါဇာဒေသရှိ အစ္စရေးတပ်ဖွဲ့နှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

အစ္စရေးသံချပ်ကာယာဉ်များသည် ဂါဇာကမ်းခြေနှင့် ဂါဇာအရှေ့ပိုင်းရှိ ဟားမားစ်တို့၏ တည်နေရာများကို ပစ်ခတ်ခဲ့သည်။  ဂါဇာဒေသခံထောင် ပေါင်းများစွာတို့သည်  ဆန္ဒပြပွဲများစတင် ပေါ်ပေါက်ခဲ့သည့်  တစ်နှစ်ပြည့်အထိမ်း အမှတ်အနေဖြင့်          အစ္စရေးနယ်စပ်၌ စုဝေးခဲ့ကြသည်။     

သို့သော်လည်း အီဂျစ်နိုင်ငံသားများ ဦးဆောင်သည့် ညှိနှိုင်းဆွေးနွေးမှုများ      လုပ်ဆောင်ခဲ့ ပြီးနောက်တွင် သွေးထွက်သံယိုဖြစ်ပွားမှုအများအပြားကို  ရှောင်လွှဲနိုင်ခဲ့သည်။

အစ္စရေးတို့ဘက်မှ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ပြည်သူလေးဦးသေဆုံးခဲ့ပြီး  တစ်ဦးမှာ  အဓိကစုဝေးချီတက်မှု မတိုင်မီပြုလုပ်သည့်  ဆန္ဒဖော်ထုတ်မှု တစ်ခုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကာ သုံးဦးမှာ   မတ် ၃၀ ရက်  နှောင်းပိုင်းတွင် ဖြစ်ပွားသည့် ပဋိပက္ခများအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဂါဇာစီးတီးရှိ ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။  နောက်ထပ် ဂါဇာဒေသခံ ၃၁၆ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆူပူအကြမ်းဖက်မှုများကို ရှောင်လွှဲနိုင်ရန်အတွက် အစ္စရေးနှင့်  ဂါဇာရှိ အစ္စလာမ္မစ် အဖွဲ့များအကြား  ကြားဝင် စေ့စပ်ညှိနှိုင်းရန် အီဂျစ်နိုင်ငံက ကြိုးပမ်းခဲ့သည်။                     
     
အေအက်ဖ်ပီ