ဂါဇာ နိုဝင်ဘာ ၂
နိုင်ငံခြားသားများသည် နိုဝင်ဘာ ၁ ရက်တွင် ဂါဇာမှ အီဂျစ်သို့ စတင်ပြောင်းရွှေ့ခဲ့သည်။ ယခုအချိန် အထိ အီဂျစ်နိုင်ငံအတွင်း လူပေါင်း ၃၆၁ ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း အီဂျစ်သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါယိုကိုက အဆိုပါ အီဂျစ်သို့ ဝင်ရောက်ခဲ့သူများတွင် ဂျပန် နိုင်ငံသား ၁၀ ဦးနှင့် ၎င်းတို့၏ ပါလက်စတိုင်းမိသားစုဝင် ရှစ်ဦး ပါဝင်ကြောင်း ပြောသည်။
နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့နှင့် နယ်စည်းမခြား ဆရာဝန်များက အီဂျစ်ဘက်ခြမ်းတွင် ဂျပန် အမှုထမ်း သုံးဦးကို ကြိုဆိုခဲ့ကြောင်း ပြောသည်။ အဆိုပါအဖွဲ့က ဂျပန်အမှုထမ်းများနှင့် တိုက်ရိုက် ဆက်သွယ်ခဲ့ပြီး ၎င်းတို့၏ ဘေးကင်းရေးနှင့် ပတ်သက်ပြီး အတည်ပြုခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုင်ငံခြားသားများနှင့် တခြား သူများဘေးကင်းရာသို့ ရွှေ့ပြောင်း ရေးသည် ရက်အတော်ကြာဦးမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။
အမေရိကန်အရာရှိများက နိုင်ငံခြားသား ၅၀၀၀ ကျော် ဂါဇာ ကမ်းမြောင်ဒေသမှ ရွှေ့ပြောင်းခွင့် ပြုမည်ဟု ယုံကြည်ကြောင်း စီအင်န်အင်န်က နိုဝင်ဘာ ၁ ရက်က ဖော်ပြခဲ့သည်။ အစ္စရေးတပ်ဖွဲ့ ဝင်များသည် ဂါဇာကမ်းမြောင် ဒေသရှိ အကြီးဆုံးဒုက္ခသည် စခန်းတစ်ခုကို နှစ်ရက်ကြာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုတွင် လူ ၁၉၅ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဘက်က ပြောသည်။
ဂါဇာဒေသမှ အရာရှိများကလည်း နှစ်ရက်ကြာတိုက်ခိုက်မှု တွင် အဆောက်အဦးပျက်အောက် ပိပြီး ပျောက်ဆုံးနေသူ ၁၂၀ ရှိ ကြောင်း ပြောသည်။ အောက်တို ဘာ ၇ ရက်က စတင်ခဲ့သော အစ္စရေး-ဟားမားစ်တို့၏ ပဋိပက္ခ အတွင်း သေဆုံးသူပေါင်းမှာ ၁၀၀၀၀ ကျော်ရှိလာပြီး ဂါဇာတွင် သေဆုံးသူ ၈၇၉၆ ဦးရှိကာ အစ္စရေးဘက်တွင် အနည်းဆုံး ၁၄၀၀ ရှိကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ