ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၂၂
အစ္စရေး-ဟားမတ်စ် ပဋိပက္ခဖြစ်ပွားသည့် အချိန်မှစပြီး လက်ရှိအချိန်အထိ ပါလက်စတိုင်း သေဆုံးသူပေါင်း ၂၉၄၁၀ အထိရှိလာပြီး ၆၉၄၆၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဟားမတ်စ်အဖွဲ့၏ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပါလက်စတိုင်း ၉၇ ဦး သေဆုံးပြီး ၁၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ဂါဇာတောင်ဘက် အယ်လ်ဆာဘရာနှင့် အယ်လ်ဇေတွန် ရပ်ကွက်များရှိ နေအိမ် အများအပြားကိုလည်း လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်များအပါအဝင် ပါလက်စတိုင်း အနည်းဆုံး ၂၀ သေဆုံး ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားသည်။
အလားတူ ဂါဇာကမ်းမြောင်တောင်ဘက်ရှိ ကမ်ယွန်နစ်မြို့တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မြို့လယ်ရှိလူနေအိမ်များကို ထိမှန်ခဲ့ရာ လူ ၂၀ ခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်