ဂျေရုဆလင်     ဇန်နဝါရီ    ၁၇

အစ္စရေးအစိုးရသည် ကာကွယ်ရေး အသုံးစရိတ် သိသိသာသာ တိုးမြှင့်ထား သော   ၂၀၂၄  ခုနှစ် အတွက်   ပြန်လည် ပြင်ဆင်ထားသည့် ရသုံးမှန်းခြေစာရင်းကို ယမန်နေ့တွင်   အတည်ပြုလိုက် ကြောင်း သိရသည်။

ယမန်နှစ်က  အစ္စရေးပါလီမန်သည် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်အတွက် နှစ်နှစ်စာ ရသုံးမှန်းခြေစာရင်းကို  အတည်ပြုခဲ့သည်။ သို့သော် ဂါဇာကမ်းမြောင်ဒေသတွင် နိုင်ငံ၏ စစ်တပ်ထိုးစစ်ဆင်မှုများ စတင်ပြီး နောက်   ရသုံးမှန်းခြေစာရင်း   ပြန်လည်ပြင်ဆင်မှုကို   အစိုးရအဖွဲ့ဝန်ကြီးများက စတင်ဆွေးနွေး ခဲ့ကြသည်။

ဝန်ကြီးများသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းအသုံးစရိတ်ကို အမေရိကန် ဒေါ်လာ  ၁၅၀ ဘီလီယံခန့်   တိုးမြှင့် သတ်မှတ်ခဲ့သည်။   ယင်းပမာဏသည် မူလရေးဆွဲထားသည့်    ပမာဏထက် အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံ ခန့် ပိုမိုများပြားလာကြောင်း သိရသည်။

အဆိုပါ  တိုးမြှင့်မှုပမာဏတွင် ကာကွယ်ရေးအသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ   ၁၄ ဘီလီယံ ခန့် သတ်မှတ်ထားပြီး   အရန်တပ်ဖွဲ့ဝင်များအတွက်   ထောက်ပံ့ငွေနှင့်  ၎င်းတို့၏ မိသားစု များအတွက် လျော်ကြေးငွေများလည်း တိုးလာမည်ဖြစ်သည်။

ပြန်လည်ပြင်ဆင်ထားသော   ရသုံးမှန်းခြေစာရင်းသည် ဟားမတ်စ်အဖွဲ့နှင့် ကာလရှည်ကြာ ပဋိပက္ခဖြစ်ရန် အစိုးရ၏ အဆင်သင့်ဖြစ်မှုကို ထင်ဟပ်စေသည်ဟု ပြည်တွင်းမီဒီယာများက သတင်းဖော်ပြသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေ တန်ယာဟုက ကာကွယ်ရေးအသုံးစရိတ် သည်  အရန်တပ်ဖွဲ့ဝင် များနှင့်   ၎င်းတို့ မိသားစုများ၏  လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြော ကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်