ဂါဇာ   ဒီဇင်ဘာ    ၁၂

အစ္စရေးစစ်ဘက်က ဟားမားစ်တို့၏ အဓိကခြေကုပ်ဖြစ်သော ဂါဇာမြို့ရှိ ပါလက်စတိုင်းစကွဲကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ ထိန်းချုပ်လိုက်မှုအပေါ် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ   ဒန်နီရယ် ဟာဂါရီက အဆိုပါနေရာတွင် ဟားမားစ်ခေါင်းဆောင် ယာဟာရာဆင်ဝါး၏    ရုံးရှိကြောင်းနှင့်   အစ္စရေး စစ်ဘက်က   ဥမင်ကွန်ရက်များကို    ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြား လိုက်သည်။

အစ္စရေးတပ်ဖွဲ့များသည်    ဆင်ဝါး   ပုန်းအောင်းနေနိုင်သည့်နေရာများအဖြစ်    သံသယရှိနေသည့် ဂါဇာတောင်ပိုင်းရှိ   ခန်ယွန်းနစ်နှင့်   မြောက်ပိုင်းရှိ ဂျာဗာလီယာတို့ရှိ ဟားမားစ်အခြေစိုက်ပစ်မှတ် များကို တိုက်ခိုက်လျက်ရှိသည်။

ဟားမားစ်တို့ကလည်း တနင်္ဂနွေနေ့က အွန်လိုင်းပို့စ်တစ်ခုတွင် အစ္စရေးစစ်ဘက်ဆိုင်ရာယာဉ် ၄၄ စင်းကို လွန်ခဲ့သော ၄၈ နာရီအတွင်း ဖျက်ဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဟားမားစ်ခေါင်းဆောင်မှုအပေါ် ဆင်ဝါးဦးဆောင်သော    အရူးတစ်သိုက်ဟု    အစ္စရေးလုံခြုံရေး အေဂျင်စီဖြစ်သော ရှင်ဘတ်က အွန်လိုင်းပေါ်တင် လိုက်သော   ရုပ်သံဖိုင်တစ်ခုတွင်    ပြောကြား လိုက်သည်။

အလားတူ  တနင်္ဂနွေနေ့က   အင်တာနက်ပေါ် တင်လိုက်သော ရုပ်သံဖိုင်တစ်ခုတွင်လည်း အစ္စရေး ဝန်ကြီးချုပ်  ဘင်ဂျမင်နေတန်ယာဟု က ဟားမားစ်တိုက်ခိုက်ရေးသမားများကို    ဆင်ဝါးအတွက် အသေခံပေးခြင်းထက်    လက်နက်ချအညံ့ခံ ရန် တိုက်တွန်းပြောကြားထားသည်။

အဆိုပါရုပ်သံဖိုင်များသည်    ဟားမားစ်အဖွဲ့ဝင်များကို လှုပ်ခတ်စေနိုင်သည်ဟု လေ့လာသုံးသပ်သူ များက ပြောသည်။

ဂါဇာတွင် မြေပြင်စစ်ဆင်ရေး ဆင်နွှဲချိန်အတွင်း  အစ္စရေးစစ်ဘက်က ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း အစ္စရေးမီဒီယာက ဖော်ပြခဲ့သည်။

ဂါဇာကျန်းမာရေးအာဏာပိုင်များက နှစ်ဖက်တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှစကာ တနင်္ဂနွေနေ့အထိ  ပါလက်စတိုင်း   သေဆုံးသူ   ၁၈၀၀၀   ကျော် ရှိကြောင်း ပြောသည်။

ထို့အပြင် အစ္စရေးစစ်ဘက်က လွန်ခဲ့သောလတွင်   ဂါဇာ၌  ဟားမားစ်နှင့်    အစ္စလာမ္မစ်ဂျီဟတ်  ၅၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ