ဂျေရုဆလင် အောက်တိုဘာ ၁၃
အစ္စရေးနှင့် ဟားမတ်စ်ကြား အကျဉ်းသားများအပြန်အလှန်လဲလှယ်ခြင်းကို ဆောင်ရွက်နေသော်လည်း အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်မည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အောက်တိုဘာ ၁၂ ရက်တွင် ပြောကြားသည်။
အကျဉ်းသား အပြန်အလှန်လဲလှယ်ရေးအစီအစဉ်သည် သမိုင်းတွင်သည့် ဖြစ်ရပ်ဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ အစ္စရေးသည် လက်ရှိအချိန်တွင် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများရှိနေပြီး ရန်သူများသည် ပြန်လည်အုပ်စုဖွဲ့ခြင်းကို ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။ အစ္စရေးသည် ဟားမတ်စ်အား အနိုင်ရရှိခဲ့ပြီး ၎င်းကဲ့သို့အနိုင်ရရှိခြင်းမှာ စစ်ရေးနှင့် သံတမန်ရေးရာဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ဂါဇာဒေသကို အရင်းခံ၍ အစ္စရေးနိုင်ငံနှင့် နိုင်ငံသားများအား ဘေးအန္တရာယ်မဖြစ်စေရေးအတွက် အစ္စရေးတပ်မတော်က ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


