ဂျေရုဆလင်   နိုဝင်ဘာ   ၁

ဟားမတ်စ်စစ်သွေးကြွ အဖွဲ့၏ အောက်တိုဘာ ၇ ရက်တွင်  အစ္စရေးနိုင်ငံသို့ ဝင်ရောက်စီးနင်းတိုက်ခိုက် မှုကို   ဦးဆောင်ခဲ့သူအား ရှင်းလင်းသုတ်သင်နိုင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က   ပြောကြားသည်။

မိမိတို့သည် ဟားမတ်အဖွဲ့၏ ဒုံးကျည်ပစ်လွှတ်ရာ နေရာများအပါအဝင်  စစ်ဘက်ဆိုင်ရာ  မြေအောက် ပစ်မှတ် ၃၀၀ ခန့်ကို တစ်ရက်အတွင်း  တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု  အစ္စရေးတပ်ဖွဲ့က ထပ်လောင်း ပြောကြားသည်။

လက်ရှိအချိန်တွင်  မိမိတို့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ဟားမတ်စ်အဖွဲ့၏    အင်အားဆိုင်ရာ ဗဟိုချက်ဖြစ်သည့် ဂါဇာဒေသမြောက်ပိုင်းသို့   ဆင်နွှဲနေကြောင်း  အစ္စရေးတပ်ဖွဲ့က မှတ်ချက်ပြု   ပြောကြားသည်။ အစ္စရေးတပ်ဖွဲ့၏   ဂါဇာဒေသမြောက်ပိုင်းရှိ   ယာဉ်များအား  မိမိတို့  တိုက်ခိုက် ခဲ့ကြောင်း ဟားမတ်စ်အဖွဲ့က  ပြောကြားသည်။ အစ္စရေးထောက်လှမ်းရေးအဖွဲ့မော့ဆက်၏    တာဝန်ရှိ သူသည်  ယခုသီတင်းပတ်ကုန်က ကာတာနိုင်ငံသို့ သွားရောက်ပြီး ညှိနှိုင်းဆွေးနွေးရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း အမေရိကန်သတင်းဝက်ဘ်ဆိုက်  Axios က ပြောကြားသည်။  လက်ရှိအချိန်တွင်   အစ္စရေးနိုင်ငံဘက်မှ တောင်းဆိုထားသည့်  ဓားစာခံအမည်စာရင်းများ ပေးအပ်ရေးကို ဟားမတ်စ် အဖွဲ့က ငြင်းဆိုနေပြီး ၎င်းအချက်ကြောင့်ပင် အစ္စရေး၏ ဂါဇာဒေသသို့  ထိုးစစ်အရှိန်မြှင့်လာရကြောင်း     ၎င်းသတင်း ဝက်ဘ်ဆိုက်က ထပ်လောင်း ပြောကြားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-စိုးသူရ