ဂျေရုဆလင်  နိုဝင်ဘာ  ၁

ယီမင်ရှိ   ဟူသီတပ်ဖွဲ့များသည် အစ္စရေးကမ်းခြေမြို့  အီလတ်ကို ဒုံးကျည်များ၊      ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်      ပြီးနောက် အစ္စရေးက ပင်လယ်နီသို့ ဒုံးခွင်းဒုံး ရေယာဉ်များ       စေလွှတ်လိုက် ကြောင်း  စစ်ဘက်က  ပြောကြား ခဲ့သည်။

အစ္စရေးရေတပ်  ဒုံးခွင်းဒုံး ရေယာဉ်များသည်   ပင်လယ်နီဒေသသို့  ရောက်ရှိလာပြီဖြစ်ကြောင်း  အစ္စရေးကာကွယ်ရေး တပ်ဖွဲ့က  ကြေညာချက်တွင် ဖော်ပြခဲ့သည်။   အခြေအနေနှင့် အချိန်အခါကို           သုံးသပ်ပြီး သက်ဆိုင်ရာဒေသအတွင်း   ခံစစ်အစိတ်အပိုင်း   တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ပြောသည်။

ဟူသီတပ်ဖွဲ့များက အီလတ်မြို့သို့ ဒရုန်းနှင့် ဒုံးကျည်များဖြင့် အင်္ဂါနေ့ အစောပိုင်းက ပစ်လွှတ်လိုက်ပြီး နောက်   အီလတ်တောင်ပိုင်း    ပင်လယ်နီဒေသအတွင်း နောက်ထပ်  လေကြောင်းခြိမ်းခြောက်မှု တစ်ခုကို  ခြေရာခံမိခဲ့ကြောင်း အစ္စရေးကာကွယ်ရေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ  ဒန်နီယယ်ဟာဂါရီက  ပြောသည်။

ဟူသီတပ်ဖွဲ့များက ပစ်လွှတ်လိုက်သည့်   ဒရုန်းနှင့် ဒုံးကျည်များ အစ္စရေးလေပိုင်နက်သို့ မရောက်မီ           ကြားဖြတ်ဟန့်တားသွားမည်ဖြစ်သောကြောင့် အဆိုပါ ဒရုန်းနှင့် ဒုံးကျည်များသည် အရပ်သားများကို  ရုတ်တရက်မခြိမ်းခြောက်နိုင်ကြောင်း   သိရသည်။

အစ္စရေးစစ်ဘက်က  အမြင့်ဆုံးတပ်လှန့်ထားပြီး    ဝေဟင်ကာကွယ်ရေးစနစ်ကို မြှင့်တင်ရန် ရေတပ်သုံး       ရေယာဉ်များကို ပင်လယ်နီဒေသသို့  ပေးပို့ထားသည်။

ဆင်ဟွာ