ဆာနား  မတ်  ၂၀

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မတ် ၂၀ ရက် နံနက်ပိုင်း က တာဝေးပစ်ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယီမင်မှ ဟူသီအုပ်စုက အခိုင်အမာပြောကြား ခဲ့သည်။

အဆိုပါ  စစ်ဆင်ရေးကို    အသံထက်မြန်သည့်  ပဲ့ထိန်းဒုံးကျည်ဖြင့်  လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပန်းတိုင်ကိုအောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ဟူသီအုပ်စုမှ ပြောရေးဆိုခွင့်ရှိသူ ယာရာ ဆာရီယာက ဟူသီတို့ထိန်းချုပ်ထားသည့် ရုပ်သံလိုင်းအယ်- မာဆီရာတွင် ဖော်ပြထားသည်။

ထိုစဉ် ပင်လယ်နီမြောက်ပိုင်းရှိ ယူအက်စ်အက်စ် ဟာရီ ထရူမန်း လေယာဉ်တင်သင်္ဘောကို မတ် ၂၀ အစောပိုင်းက တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု  ဟူသီအုပ်စုက ပြောသည်။

အဆိုပါတိုက်ခိုက်မှုသည်  မတ် ၁၅ ရက်မှ စတင်၍ ငါးကြိမ်မြောက်တိုက်ခိုက်ခြင်းလည်းဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်များနှင့်     ဒရုန်းများကို      အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု ပြောသည်။

ဆာနားမြို့နှင့် ယီမင်နိုင်ငံ မြောက်ပိုင်းပြည်နယ်များကို    ပြင်းထန်သည့်   လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ယင်းသို့ပြုလုပ်ခြင်းကြောင့် အရပ်သားများ သေဆုံးခဲ့ရမှုအပေါ် လက်တုံ့ပြန်သည့် အနေဖြင့် အမေရိကန်လေယာဉ်တင်သင်္ဘောကို   တိုက်ခိုက်ရခြင်းဖြစ်သည်ဟု  ဟူသီပြောရေးဆိုခွင့် ရှိသူက ပြော သည်။

အစ္စရေးမြို့ကြီးများ၊     အစ္စရေးသင်္ဘောများနှင့် ပင်လယ်နီရှိ  အမေရိကန်စစ်သင်္ဘောများကို ဟူသီ အုပ်စုက တိုက်ခိုက်နေမှုကို   ရပ်တန့်ရန်အတွက် အမေရိကန်သည်   ဟူသီအုပ်စုကို   လေကြောင်းမှ တိုက်ခိုက်မှုများ ပြန်လည်စတင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့သည်။

ဆင်ဟွာ