ဂျေရုဆလင် ဒီဇင်ဘာ ၂၇
အစ္စရေးနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလီယံ ၁၆၀ ကျော် တန်ဖိုးရှိခဲ့ခြင်းကြောင့် ၁၀ ရာခိုင်နှုန်းအထိ စံချိန်တင် မြင့်တက်မှုရှိခဲ့ကြောင်း အစ္စရေးနိုင်ငံ၏ စီးပွားရေး နှင့် စက်မှုဝန်ကြီးဌာနက ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။
နှစ်နှစ်ဆက်တိုက် ပို့ကုန်တင်ပို့မှု မြင့်တက်
ယင်းကဲ့သို့ ပို့ကုန်တင်ပို့မှုမြင့်တက်ခဲ့ခြင်းမှာ အစ္စရေးနိုင်ငံအတွက် နှစ်နှစ်ဆက်တိုက် ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အစ္စရေးနိုင်ငံက ပို့ကုန်အဓိကတင်ပို့သည့် မိတ်ဖက်နိုင်ငံများမှာ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ၊ အိုင်ယာလန်နှင့် နယ်သာလန်နိုင်ငံတို့ဖြစ် ကြောင်း အစ္စရေးနိုင်ငံ၏ စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာနက ပြောကြားသည်။
ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၂၂ ခုနှစ်အတွင်း သိသိသာသာမြင့်တက်မှုရှိခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ် ပါက ၁၅ ရာခိုင်နှုန်း မြင့်တက်မှုရှိခဲ့ကြောင်းနှင့် ကုန်ပစ္စည်းတင်ပို့မှုတွင် သိသိသာမြင့်တက်မှုရှိခဲ့သည့် ကုန်ပစ္စည်းများမှာ ဓာတုစက်မှုလုပ်ငန်း ထုတ်ကုန်များ၊ စိန်များ၊ လျှပ်စစ်ပစ္စည်းနှင့် စက်ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်