၃၀ မတ်
ပင်လယ်သေအနီးမှာ ကမ္ဘာ့အရှည်ဆုံး ဆားဂူး ကို ရှာဖွေတွေ့ရှိကြောင်း အစ္စရေး ဂူရှာဖွေရေးသမားတွေ ကပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။ လက်ရှိ ကမ္ဘာ့အရှည်ဆုံးဆားဂူ မှာ အီရန်တွင် ရှိပါတယ်။ ယခုရှာဖွေတွေ့ရှိတဲ့ ဆားဂူဟာ ကမ္ဘာ့အရှည်ဆုံးဆားဂူထက် ပိုရှည်ကြောင်း အစ္စရေး ဂူရှာဖွေရေးသမားတွေက ပြောပါတယ်။
ဆားဂူနာမည်ကို မာဟန်လို့ ခေါ်ဆိုပြီး ဂူဟာ အစ္စရေးရဲ့ အကြီးဆုံး တောင်ဖြစ်တဲ့ ဆိုဒန်ကို ဖြတ်ပြီး ပင်လယ်သေအနီးကို အထိ ၆.၃၅ မိုင် (၁၀ ကီလိုမီတာ) ရှည်ကြောင်း သိရပါတယ်။
ဂူမျက်နှာကျက်ကနေ ပန်းဆွဲတွေနဲ့ ဂူနံရံမှာလည်း ဆားပွင့်တွေနဲ့ တဖျပ်ဖျပ် လင်းလက်နေပြီး အင်မတန်လှပကြောင်း ပညာရှင်တွေက ပြောပါတယ်။

၁၉၈၀ခုနှစ်များက ဟီဘရူးတက္ကသိုလ်က အာမို ဖန်ကင်း နဲ့ ဂူရှာဖွေးရေးပညာတွေက ရှာဖွေတွေ့ရှိစဉ်က မာဟန် ဆားဂူဟာ ၅ ကီလိုမီတာသာ ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
၂၀ဝ၆ ခုနှစ်မှာ အီရန်နိုင်ငံတောင်ပိုင်း ကွစ်ရှ်ကျွန်းရှိ N3 ဆားဂူဟာ ၆ ကီလိုမီတာကျော်ရှည်တဲ့အတွက် ကမ္ဘာ့အရှည်ဆုံး ဆားဂူအဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်က ဖန်ကင်း ရှာဖွေတွေရှိခဲ့သော ဆားဂူကို ထပ်မံ လေ့လာကြာရာ ၂၀၁၈ ခုနှစ်က ၁၀ ရက် ကြာ ဆားဂူရှာကြပြီး ၂၀၁၉ ခုနှစ်မှာ ဒုတိယအကြိမ် ၁၀ ရက်ကြာ နိုင်ငံတကာက ပညာတွေနဲ့ ဒေသခံတွေပါ ပါဝင်တဲ့ ဂူရှာဖွေးလုပ်ဆောင်ရာ ဆားဂူရဲ့အရှည်ဟာ ၁၀ ကီလိုမီတာ ကျော်ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။
MDN
ကိုးကား - AFP
