တိုကျို အောက်တိုဘာ ၁၅
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါ ယိုကိုသည် အစ္စရေးနိုင်ငံမှ ဂျပန်နိုင်ငံသားများကို စစ်လေယာဉ်ဖြင့် ကယ်ဆယ်ပေးခဲ့သော တောင်ကိုရီးယားနိုင်ငံကို ကျေးဇူးတင်ရှိကြောင်း ပြောကြား သည်။
ကာမီကာဝါ ယိုကိုသည် ယနေ့နံနက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဂျင်နှင့် ဖုန်းဖြင့် ပြောကြားရာတွင် အထက်ပါအတိုင်း ကျေးဇူးတင်စကားပြောဆိုခဲ့သည်။
အစ္စရေးနှင့် ဟားမတ်စ်ပဋိပက္ခမှ လွတ်မြောက် လိုသော ၎င်း၏နိုင်ငံသားများကို နေရပ်သို့ပြန်လည် ခေါ်ဆောင်ရန် တောင်ကိုရီးယားတပ်မတော်က ၎င်း၏ကယ်ဆယ်ရေးလေယာဉ်တစ်စင်းကို အစ္စရေး နိုင်ငံ စီးပွားရေးမြို့ တဲလ်အဗစ်သို့ စေလွှတ်ခဲ့သည်။
ယင်းလေယာဉ်ပေါ်တွင် ဂျပန်လူမျိုး ၅၁ ဦးနှင့် အခြားနိုင်ငံခြားသားများလည်း သယ်ဆောင်လာခဲ့ ကြောင်း သိရသည်။
အဆိုပါလေယာဉ်သည် အောက်တိုဘာ ၁၄ ရက်တွင် တဲလ်အဗစ်မြို့မှ ထွက်ခွာပြီး ဆိုးလ်မြို့တော်အနီး ရှိ စစ်စခန်းတစ်ခုသို့ ညနေပိုင်းအချိန်တွင် ရောက်ရှိခဲ့သည်။
ယင်းသို့ ဂျပန်နိုင်ငံသားများကို သယ်ဆောင်လာ ပေးသည့်အတွက် တောင်ကိုရီးယားအစိုးရအား အထူး ကျေးဇူးတင်ရှိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါ ယိုကိုက တောင်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး ပတ်ခ်ဂျင်သို့ ပြောကြားသည်။
ဂျပန်နှင့် တောင်ကိုရီးယားတို့သည် ဆက်လက်၍ နီးကပ်စွာ အဆက်အသွယ်ရှိကာ တိုက်ပွဲများ အရှိန် လျှော့ရန်နှင့် ၎င်းတို့၏ နိုင်ငံသားများကို ဘေးလွတ် ရာသို့ ရွှေ့ပြောင်းရန် အတူတကွ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဝန်ကြီးနှစ်ဦးက သဘောတူညီခဲ့ကြသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်