စက်တင်ဘာ ၁၄

အစ္စရေးနိုင်ငံတွင် ဆေးလိပ်သောက်ခြင်းကြောင့် နှစ်စဉ် လူ ၈၀၀၀ ခန့်သေဆုံးကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာက နှစ်စဉ်ထုတ်ပြန်သော အစီရင်ခံစာတွင် စက်တင်ဘာ ၁၂ ရက်ကဖော်ပြထားသည်။

အစ္စရေးပါလီမန်သို့တင်သွင်းသောအစီရင်ခံစာသည်  ဆေးလိပ်သောက်ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများပြားခြင်းနှင့် ဆေးလိပ်သောက်ခြင်းကိုလျှော့ချရန်လိုအပ်သဖြင့် ၂၀၂၂ ခုနှစ်အတွင်း ဆေးလိပ်သောက်မှုအခြေအနေအား တင်ပြထားခြင်းဖြစ်သည်။

အဆိုပါအစီရင်ခံစာတွင် နှစ်စဉ်သေဆုံးမှု၏ ၁၀ ရာခိုင်နှုန်းခန့်သည် ဆေးလိပ်မသောက်သူများဖြစ်ပြီး ဆေးလိပ်သောက်သူများ၏ မီးခိုးငွေ့များနှင့် ထိတွေ့မိသူများဖြစ်သည်ဟု ဖော်ပြထားသည်။

အစ္စရေးနိုင်ငံတွင် အရွယ်ရောက်ပြီးသူများ၏ ငါးပုံတစ်ပုံခန့်သည် ဆေးလိပ်သောက်သူများဖြစ်ပြီး  ၆၄ ဒသမ ၅ ရာခိုင်နှုန်းသည် ဆေးလိပ်မသောက်သော အရွယ်ရောက်ပြီးသူများဖြစ်ပြီး  လွန်ခဲ့သောနှစ်က ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ ရှူရှိုက်မိသူများဖြစ်သည်ဟု သိရသည်။

တစ်နေ့လျှင် စီးကရက်တစ်လိပ်ထက်မနည်းသောက်သော ပဉ္စမတန်းမှ ဆယ်တန်းကျောင်းသားဦးရေသည်  ၂၀၁၉ ခုနှစ်က ၄ ဒသမ ၈  ရာခိုင်နှုန်းနှင့်  ၂၀၂၁ ခုနှစ်က ခြောက်ရာခိုင်နှုန်းရှိရာ ၂၀၂၂ ခုနှစ်တွင် ကိုးရာခိုင်နှုန်းအထိ တိုးလာခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို