ဂျေရုဆလင် နိုဝင်ဘာ ၁၇

 

အစ္စရေးနိုင်ငံသည် စိုက်ပျိုးမြေများတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးမည့်စနစ်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ရက် တွင် ပြောကြားသည်။

 

အစ္စရေးငွေ ရှီကယ် ၁၇ သန်း အကုန်အကျခံ ဆောင်ရွက်မည့် အဆိုပါစီမံချက်တွင် စီမံကိန်း ၁၃၀ ပါဝင်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ   စိုက်ပျိုးမြေများ တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးရန် စီစဉ်ဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။

 

ထို့ပြင် စိုက်ပျိုးမြေများတွင် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အား ထုတ်လွှတ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများအား မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိကြောင်း လေ့လာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

 

အစ္စရေးနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်မှုကို ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရေး ဆောင်ရွက်နေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း စိုက်ပျိုးသီးနှံများမှ အမြတ်အစွန်းရရှိပြီး တောင်သူ လယ်သမားများ ဝင်ငွေတိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ