ဂျေရုဆလင် ဇန်နဝါရီ ၁၁
အစ္စရေးနိုင်ငံ၌ အစားအသောက် ရောင်းချသည့် စတိုးဆိုင်များတွင် ကိုဗစ် -၁၉ ကိုယ်တိုင် ဆေးစစ်နိုင်သည့် ကိရိယာများကို ရောင်းချခွင့်ပြုတော့မည်ဟု အစ္စရေးကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
ကိုဗစ် - ၁၉ ဆေးစစ်မှုများကို ဈေးနှုန်းချိုချိုသာသာဖြင့် ပြုလုပ်နိုင်ရေးအတွက် ယခုလို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ ယခုအချိန် ကိုဗစ် - ၁၉ ဆေးစစ်ကိရိယာများကို ဆေးဆိုင်များတွင်သာ ရောင်းချခွင့်ပြုထားသေးသည်။
အစ္စရေးနိုင်ငံ၌ အသစ်ထုတ်ပြန်ထားသည့် အသွားအလာ ကန့်သတ်မှု စည်းကမ်းချက်များအရ အသက် ၆၀ အောက် ကာကွယ်ဆေးထိုးပြီးသားနှင့် မကြာသေးမီကမှ ပြန်လည်နာလန်ထူလာသူများ နေအိမ်၌ပင် ကိုဗစ် -၁၉ ဆေးစစ်မှုပြုလုပ်ပြီး ရောဂါရှိကြောင်း အဖြေထွက်ပါက အသွားအလာ ကန့်သတ်မှု ခံယူရန်မလိုဟုလည်း သိရသည်။
ဇန်နဝါရီ ၉ ရက် အစောပိုင်းအထိ အစ္စရေးနိုင်ငံ၌ လက်ရှိရောဂါ ဖြစ်ပွားနေသူ ၁၁၅၄၂၄ ဦးရှိသည်ဟု သိရသည်။ ကိုဗစ် -၁၉ နှင့်ဆက်စပ်ပြီး သေဆုံးမှုနှုန်းမှာလည်း နောက်ထပ် ခြောက်ဦး ထပ်မံတိုးလာသည့် အတွက် သေဆုံးသူစုစုပေါင်းမှာ ၈၂၆၅ ဦး ရှိလာသည်။ စိုးရိမ်ရသည့် အခြေအနေရှိသည့် လူနာဦးရေမှာလည်း ၁၇၂ ဦးမှ ၂၀၅ ဦးအထိ တိုးလာကြောင်း ဝန်ကြီးဌာနက ပြောသည်။
ဆင်ဟွာ