အစ္စရေးနိုင်ငံ၌ ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်အမျိုးအစားသစ် ကာကွယ်ဆေးများထိုးနှံမှုစတင်

စက်တင်ဘာ ၂၂

အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်အမျိုးအစားသစ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို မကြာမီလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကထုတ်ပြန်ထားသည်။

ထိုဝန်ကြီးဌာနက အထူးသဖြင့် ခုခံအားကျဆင်းနေသောလူနာများအား ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန်အမျိုးအစားသစ် ကာကွယ်ဆေးထိုးနှံကြရန် အကြံပြုထားသည်။

နိုင်ငံတစ်ဝန်းတွင် ဆေးရုံတက်လူနာအရေအတွက် အသင့်အတင့်တိုးလာပြီး ယင်းလူနာအများစုသည် ရောဂါလက္ခဏာ ပြင်းထန်မှုမရှိကြောင်း ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

ရောဂါအခြေအနေပြင်းထန်သောလူနာဦးရေအနည်းငယ်တိုးလာပြီး သေဆုံးမှုနှုန်းသည်လည်း အနည်းငယ်မြင့်တက် လာသည်ဟု သိရသည်။

ထိုကာကွယ်ဆေးများကို အသက် ၁၂ နှစ်နှင့်အထက်ရှိသူများနှင့် ရောဂါကူးစက်နိုင်ခြေရှိသောကလေးများအား ပထမဆုံးစတင်ထိုးနှံပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 ယခုသီတင်းပတ်အစောပိုင်းကကျန်းမာရေးဝန်ကြီးဌာန၏နောက်ဆုံးထုတ်ပြန်ချက်အရ အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၆၇ ဦးရှိပြီး ၎င်းတို့အနက် ၅၃ ဦးသည် ကျန်းမာရေးအခြေအနေဆိုးရွားသည်ဟု သိရသည်။

အစ္စရေးနိုင်ငံတွင် ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားချိန်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူပေါင်း ၁၂၆၇၀ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို