ဂျေရုဆလင်    ဇူလိုင်    ၉

 

အစ္စရေးနိုင်ငံ ဘီလင်ဆင်ဆေးရုံတွင်    လူ၏ ဦးနှောက်ကို စားသုံးသည့် အမီးဗားဗိုင်းရပ်စ်ပိုး တစ်မျိုးကြောင့် အသက် ၂၆ နှစ်အရွယ်ရှိ  လူနာ တစ်ဦးသေဆုံးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း  ယနေ့ဆင်ဟွာသတင်းအရ သိရသည်။

 

ယင်းလူနာသည်  အစ္စရေးနိုင်ငံအရှေ့မြောက် ပိုင်းရှိ  ဂါလီလီလိဒ်ပင်လယ်တွင်    ရေကူးခဲ့ရာမှ ယင်းဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရသည်။ ယင်းဗိုင်းရပ်စ် အား  amoeba Naegleria fowleri ဟုခေါ်ဆိုပြီး ယင်းဗိုင်းရပ်စ်ကူးစက်ခံရပါက လူနာ၏ ဦးနှောက် အား ပြင်းထန်စွာ ထိခိုက်ပျက်စီးစေသည်။

 

ယခုဖြစ်ရပ်သည်   ဒုတိယအကြိမ်မြောက်ဖြစ်ပြီး လွန်ခဲ့သည့်နှစ်နှစ်ခန့်ကလည်း အလားတူဗိုင်းရပ်စ် ကူးစက်ခံရသည့် အသက် ၃၆ နှစ်အရွယ်ရှိ လူနာ တစ်ဦး    သေဆုံးခဲ့သည်။  ယင်းဗိုင်းရပ်စ်ပိုးသည် ရေကြည်ရေသန့်များ၊ ရေအိုင်ငယ်များနှင့် ရေသေ များတွင်   အပူချိန် ၃၅ မှ ၄၂ ဒီဂရီဆဲလ်ဆီးယပ် အတွင်း ရှင်သန်ပေါက်ပွားသည်။

 

ယင်းဗိုင်းရပ်စ် ကူးစက်ခံရပါက ခေါင်းကိုက် ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ နှာမွှန်ခြင်း၊ အော့အန် ခြင်း စသည့်လက္ခဏာများဖြစ်ပွားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ