ဂျေရုဆလင် နိုဝင်ဘာ ၂၂

 

အစ္စရေးနိုင်ငံရှိ ကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ် နိုဝင်ဘာ ၂၀ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။

 

အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများကို ကာကွယ်ဆေးမထိုးပေးမီကာကွယ်ဆေးများ ကြိုတင်ရရှိခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြထားသည်။ ကာကွယ်ဆေး ထိုးနှံမှုကိုနိုဝင်ဘာ ၂၃ ရက်တွင်စတင်မည်ဟု  ဝန်ကြီးချုပ် နာ့ဖ်တလီဘန်းနက်က နိုဝင်ဘာ ၁၉ ရက်တွင် ကြေညာခဲ့သည်။

 

ကလေးများအတွက် ဖိုက်ဇာကာကွယ် ဆေးအလုံးရေ တစ်သန်းကို တင်ဆောင်လာသည့် လေယာဉ်သည် ဂျာမနီနိုင်ငံမှ တဲအဗစ် မြို့အပြင်ဘက် ဘန်ဂူရီယန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါ ကာကွယ်ဆေးများကို တိုင်းပြည်တစ်ဝန်းရှိ ကျန်းမာရေးအဖွဲ့အစည်းများသို့ ဖြန့်ဝေပေး သွားမည်ဖြစ်သည်။ ။

 

ကလေးများအား ကာကွယ်ဆေးထိုးပေးရန် ဆုံးဖြတ်ချက်ကို အစ္စရေးကျန်းမာရေးဝန်ကြီးဌာန ကျွမ်းကျင်သူများအဖွဲ့က ယခုလ အစောပိုင်းတွင် ထောက်ခံချက်ပေးခဲ့သည်။

 

နိုဝင်ဘာ ၂၁ ရက်တွင် ကိုဗစ်-၁၉ မှ ပြန်လည်နာလန်ထူလာသည့် ကလေးများကို ကာကွယ်ဆေးထိုးပေးသင့် မသင့် ဆွေးနွေး သွားမည်ဖြစ်သည်။ ထို့ပြင် အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြား ကလေးများကို ကာကွယ်ဆေး ထိုးပေးသင့်မသင့် ဆွေးနွေးသွားမည်ဟုလည်း သိရသည်။

ဆင်ဟွာ