ဂျေရုဆလင် မတ် ၈
ဂျေရုဆလင်မြို့၌ အသက် လေးနှစ်အရွယ် ကလေးတစ်ဦးတွင် ပိုလီယိုကူးစက်ခံထားရကြောင်း အစ္စရေး ကျန်းမာရေးဝန်ကြီးဌာနက မတ် ၆ ရက်တွင် ပြောသည်။
၁၉၈၉ ခုနှစ်မှစတင်ကာ အစ္စရေးနိုင်ငံတွင် ပိုလီယိုဖြစ်ပွားမှု ပထမဦးဆုံး အကြိမ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အစ္စရေးနိုင်ငံတွင် ပုံမှန်ကလေးများ ထိုးပေးနေသည့် ကာကွယ်ဆေး တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါကလေးငယ်မှာ ကာကွယ်ဆေး ထိုးမထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယခုရောဂါဖြစ်ပွားမှုတွင် ပိုလီယိုဗိုင်းရပ်စ်ဖြစ်ပြီး ကာကွယ်ဆေး မထိုးထားရသူများတွင် ကူးစက် နိုင်သည်ဟု သိရသည်။ ထို့ကြောင့် အစိုးရကထိုးပေးနေသည့် ကာကွယ်ဆေးများကို ပုံမှန်ထိုးကြရန်နှင့် ကာကွယ်ဆေး မထိုးရသေးသူများလည်း ကာကွယ်ဆေးထိုးကြရန် ကျန်းမာရေးဝန်ကြီးဌာနက တောင်းဆို ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာနမှ ဂျေရုဆလင်မြို့ ဒေသခံကျန်းမာရေးအဖွဲ့အစည်းသည် ကူးစက်ရောဂါ စူးစမ်းလေ့လာမှုကို စတင်နေပြီဖြစ်သည်။
အဆိုပါကလေးငယ်နှင့် အနီးကပ်ထိတွေ့မှုရှိသူများကို ဆက်သွယ်သွားမည်ဖြစ်သည်။ ဗိုင်းရပ်စ်ကို ဂျေရုဆလင်မြို့ မိလ္လာနမူနာများတွင် တွေ့ရှိရပြီးယခုအချိန်အထိ ဆေးခန်းသို့ လာရောက်ပြသခြင်းမျိုး မရှိသေးကြောင်း သိရသည်။
ဆင်ဟွာ