ဂျေရုဆလင် နိုဝင်ဘာ ၁၆

 

အစ္စရေးကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နာ့ခ်မန် အက်ရှိသည် အသက် ၅ နှစ်မှ ၁၁ နှစ်ကြား ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးရန် ကျွမ်းကျင်သူအဖွဲ့၏ အကြံပြုချက်ကို နိုဝင်ဘာ ၁၄ ရက်က ထောက်ခံချက်ပေးခဲ့သည်။

 

လာမည့် ရက်များအတွင်း အဆိုပါ အသက်အုပ်စုအတွက် ကာကွယ်ဆေးထိုးပေးမည့်နေ့ကို ဆုံးဖြတ်သွားမည် ဖြစ်သည်ဟု ဝန်ကြီးဌာနက ပြောသည်။

 

အဆိုပါ အသက်အုပ်စုကို ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကောင်းကျိုးများကပို၍ အလေးသာသည်ဟု ကျွမ်းကျင်သူ အများစု ကယူဆကြကြောင်း ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နာ့ခ်မန်အက်ရှ်ကပြောသည်။ ယခုသီတင်းပတ်အတွင်း ကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ် ဆေးများရောက်ရှိမည်ဟုလည်း သိရသည်။

 

အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် အနိမ့်ဆုံးအသက် သတ်မှတ်ချက်မှာ ၁၂ နှစ်အထိသာ ဖြစ်သည်။ အစ္စရေးနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၀ ရက်မှ စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများကို စတင်ခဲ့ပြီး အသက် ၆၅ နှစ်နှင့်အထက်များကို ဦးစွာ ထိုးနှံပေးခဲ့သည်။

 

ယင်းနောက်ပိုင်းမှ ကာကွယ်ဆေးထိုးပေးသည့် အသက်အပိုင်း အခြားကို တဖြည်းဖြည်းလျှော့ချခဲ့ကြောင်း သိရသည်။

ဆင်ဟွာ