အစ္စရေးသို့ပို့ကုန်များ တူကီယဲ ကန့်သတ်မည်ဟုဆို

 

အစ္စတန်ဘူလ်  ဧပြီ ၁၀

အပစ်အခတ်ရပ်စဲရေးအတွက် အပြည်ပြည်ဆိုင်ရာမှ တောင်းဆိုမှုများကို လျစ်လျူရှုကာ ထိုးစစ်ဆင်မှုများ  ဆက်လက်ပြုလုပ်နေသည့်အတွက် အစ္စရေးသို့တင်ပို့မည့်  ပို့ကုန်များအပေါ် ကန့်သတ်မှုများ ပြုလုပ်မည်ဟု တူကီယဲအစိုးရက ကြေညာခဲ့ သည်။ သံမဏိ၊ ဘိလပ်မြေနှင့် လေယာဉ်ဆီအပါအဝင် ကုန်ပစ္စည်း ၅၄ မျိုးအပေါ် ကန့်သတ်ချက်များ ချမှတ်သွားမည်ဟု တူကီယဲကုန်သွယ်ရေးဝန်ကြီးဌာနက ဧပြီ ၉ ရက်တွင်ကြေညာခဲ့သည်။

အစ္စရေးဘက်မှ ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့် မပေးမချင်းနှင့် အပစ်အခတ်ရပ်စဲရေးကို မကြေညာမချင်း အဆိုပါ ဆုံးဖြတ်ချက်အတိုင်းထားရှိသွားမည်ဟု  တူကီယဲ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောသည်။  တူကီယဲသမ္မတ ရီဆက်တေရစ်အာဒိုဂန်က  ဟားမားစ်တို့ကို ထောက်ပံ့ရန်အတွက် တူကီယဲပြည်သူများ၏  အကျိုးစီးပွားကို စွန့်လွှတ်ခြင်းဖြစ်သည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး  အစ္စရေးရယ်ခန်ဇ်က ၎င်း၏ ဆိုရှယ်မီဒီယာအကောင့်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း  တူကီယဲနိုင်ငံမှ အစ္စရေးသို့ ပို့ကုန်ခန့်မှန်းခြေအားဖြင့် ၄ ဒသမ ၆ ဘီလီယံရှိသည်ဟု အစ္စရေးဗဟိုစာရင်းအင်းဗျူရိုက ဖော်ပြထားသည်။ အဆိုပါပမာဏသည် တရုတ်နိုင်ငံ၊ အမေရိကန်နှင့် အခြားသောနိုင်ငံများပြီးလျှင်  ပို့ကုန်ပမာဏငါးနိုင်ငံမြောက်အများဆုံးလည်း ဖြစ်သည်။ တူကီယဲသမ္မတ  အာဒိုဂန်သည် အစ္စရေးကို  အကြိမ်ကြိမ်ရှုတ်ချခဲ့သည်။ သို့သော်လည်း ၎င်းကို ဝေဖန်သူများက အာဒိုဂန်သည် အစ္စရေးနှင့်   ကုန်သွယ်ရေးကို ဆက်လက်ထားရှိပြီး ပါလက်စတိုင်းပြည်သူများကို သစ္စာဖောက်သည်ဟု ဝေဖန်ခဲ့ကြသည်။

အင်န်အိတ်ချ်ကေ