ဇွန် ၇
အစ္စရေးတပ်ဖွဲ့၏လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့က ဂါဇာအလယ်ပိုင်းရှိ Nuseirat ဒုက္ခသည်စခန်း၏ ပါလက်စတိုင်းမြို့တော်ဝန်သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဆေးဘက်ဆိုင်ရာနှင့် လုံခြုံရေးသတင်းရင်းမြစ်က ပြောကြားသည်။
အဆိုပါစခန်းရှိ အဆောက်အအုံတစ်လုံကို အစ္စရေးတပ်ဖွဲ့ကပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် မြို့တော်ဝန်သည် ၎င်း၏ မိသားစုဝင်များနှင့်အတူ သေဆုံးသွားခဲ့ကြောင်း ပါလက်စတိုင်းလုံခြုံရေးသတင်းအရင်းအမြစ်က သတင်းထောက်များကို ပြောကြားသည်။
အစ္စရေးက ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ Nuseirat စခန်းရှိ စာသင်ကျောင်းတစ်ကျောင်းကို လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃၅ ဦးခန့်သေဆုံးမှုဖြစ်ပွားပြီးနာရီပိုင်းအတွင်းမှာပင် ယင်းမြို့တော်ဝန် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အစ္စရေးတပ်ဖွဲ့၏ဆက်လက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းသေဆုံးမှုပေါင်း ၃၆၆၅၄ ဦး အထိရှိလာပြီး ၈၃၃၀၉ ဦး ဒဏ်ရာရရှိကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို