မေ ၂၁
အစ္စရေးတပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမားစ်တို့သည် ၁၁ ရက်ကြာ အပြန်အလှန် တိုက်ခိုက်မှုများကို အဆုံးသတ်ခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေးသည် ယခုအချိန်တွင် စတင်အသက်ဝင်ပြီ ဖြစ်သည်။
ဂါဇာကမ်းမြောင်ဒေသကို ဟားမားစ်တို့က ထိန်းချုပ်ထားသည်။ အစ္စရေးတို့က ၎င်းတို့၏ပစ်မှတ်ထား တိုက်ခိုက်မှုသည် ပါလက်စတိုင်း စစ်သွေးကြွအုပ်စုကို အထိနာစေခဲ့သည်ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စု၏ တောင်းဆိုချက်အရ အီဂျစ်နိုင်ငံက ထိုအပစ်အခတ်ရပ်စဲရေးအတွက် ကြားဝင်ညှိနှိုင်း ပေးခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်က အစ္စရေးနှင့် ပါလက်စတိုင်း ခေါင်းဆောင်များအနေဖြင့် ပဋိိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများကို ဖြေရှင်းခြင်း၊ အလေးအနက်ဆွေးနွေးမှုများ လုပ်ဆောင်ခြင်းဖြင့် တည်ငြိမ်အေးချမ်းမှုကိုပြန်လည် တည်ဆောက်ကြရန် တာဝန်ရှိသည် ဟုဆိုကာ အလေးထား ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္လာနေ့က ဂါဇာဒေသတွင် လူ ၂၃၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အစ္စရေးတွင် ၁၂ ဦး သေဆုံးခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို