ဂျေရုဆလင် ဇူလိုင် ၂၄

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ၎င်း၏ အငြင်း ပွားဖွယ် တရားစီရင်ရေး ပြင်ဆင်မှုအစီအစဉ်၏ အဓိက ဥပဒေတစ်ရပ် ကို ပါလီမန်၌ မဲမပေးမီ အရေးပေါ်နှလုံးဆိုင်ရာပြဿနာ တစ်ရပ် ဖြစ်ပွားပြီးနောက် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ဆေးရုံမှ ဆင်းပြီ ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် နေတန်ယာဟုသည် တဲလ်အဗစ်အပြင်ရှိရှီဘာဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း ကြေညာချက်တစ်ခုတွင် ဝန်ကြီးချုပ်ရုံးက အတည်ပြုထားသည်။ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သည့် ဝန်ကြီး ချုပ်သည် ဇူလိုင် ၂၂ ရက်နှင့် ၂၃ ရက်အတွင်း ညတွင်းချင်းဆေးရုံ တက်ရောက်ခဲ့ရကြောင်း၊ နှလုံးအတွင်း မြှုပ်သွင်းထားရသော နှလုံး ခုန်နှုန်းမှန်စေသည့် ကိရိယာကို ၎င်း၏ရင်ဘတ်အတွင်း ထည့်ထားရကြောင်း ၎င်း၏ဆရာဝန်က ပြောကြားသည်။ အစ္စရေးပါလီမန်က လက်ယာစွန်းအစိုးရ၏ အငြင်းပွားဖွယ်တရားစီရင်ရေး ပြင်ဆင်ရေး အစီအစဉ်၏ ပထမဆုံးအဓိကဥပဒေပြုခြင်းအပေါ် နောက်ဆုံးမဲပေးမှု ပြုလုပ်ရန် သတ်မှတ်ထားသည့်နာရီပိုင်းအတွင်း ဆေးရုံမှ ဆင်းခွင့် ရခြင်းဖြစ်သည်။

ဇူလိုင် ၂၃ ရက်က သောင်းနှင့်ချီသည့် လူများက သဘောထားကွဲစေ သည့် ပြင်ဆင်ခြင်းအပေါ် ကန့်ကွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ အငြင်းပွားဖွယ်အစီအစဉ်အပေါ် နိုင်ငံတစ်ဝန်းဆန္ဒပြမှုများ ဖြစ်ပွားစေ ခဲ့သည်။ ဆန္ဒပြမှုများဖြစ်ပွားသည်မှာ ၂၉ ပတ်ဆက်တိုက်ရှိပြီဖြစ်သည်။ လေယာဉ်မှူးနှင့် အထူးတပ်ဖွဲ့များ အပါအဝင် အရန်တပ်သား ၁ ကျော်က အကယ်၍ ဥပဒေမူကြမ်း အတည်ပြုပါက တာဝန်မှ နုတ်ထွက် မည်ဟု ကြေညာခဲ့ကြောင်း သိရသည်။

ဆင်ဟွာ