အစ္စတန်ဘူးမြို့တော်ဝန် ရွေးကောက်ပွဲမှာ သမ္မတ အာဒိုဂန်ပါတီရှုံးနိမ့်

၂၄ ဇွန်

တူရကီနိုင်ငံ အစ္စတန်ဘူးမြို့တော်ဝန်ရွေးကောက်ပွဲမှာ အတိုက်အခံပါတီ ( CHP) ရဲ့ ကိုယ်စားလှယ်က  အနိုင်ရပြီး အစ္စတန်ဘူးမြို့တော်ဝန်ဖြစ်သွားပြီဖြစ်ပါတယ်။ မနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ အတိုက်ခံပါတီရဲ့ ကိုယ်စားလှယ်လောင်း အီမန်မိုလူးက မဲပေးသူပေါင်းရဲ့  ၅၄ ရာခိုင်နှုန်း ရရှိပြီး သမ္မတပါတီ (AKP) ရဲ့ ကိုယ်စားလှယ်လောင်း ရယ်ဒီယန်က ၄၅ ရာခိုင်နှုန်းသာရရှိတဲ့အတွက်  အီမန်မိုလူးက အနိုင်ရရှိသွားပြီဖြစ်ပါတယ်။ 

 

01

 

ပြီးခဲ့မတ်လ ၃၁ ရက်နေ့ ကျင်းပခဲ့တဲ့ အစ္စတန်ဘူး မြို့တော်ဝန်ရွေးကောက်ပွဲမှာလည်း အီမန်မိုလူးက သမ္မတပါတီရဲ့ ကကိုယ်စားလှယ်လောင်းကို ပွတ်ကာသီကာနဲ့အနိုင်ရဘူးပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲရဲ့အနိုင်ရမူကို မဲမသာမူရှိတယ်ဆိုပြီး ပျယ်ဖျက်ခဲ့ရာ  ဇွန်လ ၂၃ ရက်နေ့တွင် ထပ်မံရွေးကောက်ပွဲ ထပ်မံကျင်းပခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာတော့  အတိုက်ခံပါတီ( CHP)  ရဲ့ ကိုယ်စားလှယ်လောင်းက အပြတ်အသတ်အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ 

 

02

 

အနိုင်ရသူ အီမန်မိုလူးက နိုင်ငံနဲ့မြို့တော်အတွက် အသစ်စလိုက်ခြင်းဖြစ်တယ်။ သူထောက်ခံသူတွေက ဒီမိုကရေစီကို ပြုပြင်လိုက်နိုင်ခြင်းဖြစ်တယ်။ အစ္စတန်ဘူးရဲ့ စာမျက်နှာအသစ်မှာ  တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနဲ့ မေတ္တတရာတွေက ရှိလာမှာဖြစ်တယ်လို့ ပြောကြားပါတယ်။ 

 

03

 

(AKP) ပါတီရဲ့ ၂၅ နှစ်ကြာ အစ္စတန်ဘူးမြို့ကို ထိန်းချုပ်ထားမှုဟာ ဇွန်လ ၂၄ ရက်နေ့က အဆုံးသတ်သွားပြီလို့ ဆိုနိုင်ပါတယ်။ 

 

04

 

လက်ရှိ သမ္မတ အာဒိုဂန်က  သူ့ရဲ့တွစ်တာပေါ်မှာ အနိုင်ရသူ အီမန်မိုလူးဟာ ရွေးကောက်ပွဲရဲ့ ရလဒ်အရ အနိုင်ရသူ အီမန်မိုလူးကို ဂုဏ်ယူပါကြောင်း ရေးသားခဲ့ပါတယ်။ 

၂၀ဝ၃ ကစပြီး တူရကီကို အုပ်ချုပ်လာခဲ့တဲ့ အရင်က ဝန်ကြီးချုပ်၊ လက်ရှိ သမ္မတ အာဒိုဂန်က ရွေးကောက်ပွဲမတိုင်ခင်က အစ္စတန်ဘူးကို အနိုင်ရရင် တူရကီကို အနိုင်ရတာဘဲလို့ ရေးသားဖူးပါတယ်။     
    
MDN
ကိုးကား - AFP