ရန်ကုန် ဩဂုတ် ၂၇

 

တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာန မှူးရုံး ရန်ကုန်တိုင်းဒေသကြီး ခုတင် ၁၀ဝ ဆံ့ တိုင်းရင်းဆေးရုံ(ရန်ကုန်)နှင့် မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး)တို့ ပူးပေါင်း၍ စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာအကြောင်း ဆွေးနွေးပွဲကျင်းပ လျက်ရှိရာ ဩဂုတ် ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန် တိုင်းရင်းဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ ခုတင် ၁၀ဝ ဆံ့ တိုင်းရင်းဆေးရုံ(ရန်ကုန်) အထွေထွေရောဂါကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အိအိဖြိုးက အဆစ်ရောင် ရောဂါကြောင့် ဖြစ်ပေါ်ခံစားရသော နောက်ဆက်တွဲရောဂါ လက္ခဏာများခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးမည်ဖြစ်ရာ စိတ်ပါဝင်စားသူ တိုင်းရင်းဆေး ဆရာ ဆရာမများ ပါဝင် ဆွေးနွေးနိုင်ကြောင်း သိရသည်။


ကိုဌေး