ရန်ကုန်  ၇ စက်တင်ဘာ 


ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ တော်ဝင်လမ်း၊ RC (၂) ထပ် အဆောက်အဦ၏ အောက်ထပ်တွင် ငန်းတော်ကြားမြွေတစ်ကောင်ဝင်ရောက်နေကြောင်း ယနေ့နံနက် အစောပိုင်း ဝ၀:၃၅ မိနစ်အချိန် သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂)ဦးတို့ဖြင့် သွားရောက်ဖမ်းဆီးခဲ့ပြီး အုတ်ဖိုကျေးရွာ၊ လှော်ကားဘေးမဲ့တောသို့ သွားရောက်လွှတ်ပေးခဲ့ကြောင်း သိရသည်။


ယမန်နေ့ ည ၈ နာရီ ၁၅ မိနစ်က လည်း ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော(တောင်)ရပ်ကွက်၊ သရက်တော(၄)လမ်းရှိ အုတ်ညှပ်တိုက်(၂)ထပ်နေအိမ် အပေါ်ထပ်တွင် ငန်းစောင်းမြွေတစ်ကောင် ဝင်ရောက်နေကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးတို့ဖြင့်ဖမ်းဆီးခဲ့ကာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ သွားရောက် လွှတ်ပေးခဲ့သည်။


MDN


Credit-Myanmar Fire Service