မက်မန်း၊ ၄ ဒီဇင်ဘာ                

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်၏ ပြည်နယ်/ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှုစာရင်းတွင် ရည်မှန်းရန် အဆိုပြုချက် များရေးဆွဲရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ  ၄  ရက် နံနက် ၁၀ နာရီက  ကျင်းပသည်။

 

အခမ်းအနားတွင် မက်မန်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အမှာစကားပြောကြားပြီး မြို့နယ်စီမံကိန်းဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနေစိုးက တက်ရောက်လာသော ဌာနဆိုင်ရာ များအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်၏ ပြည်နယ်/ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ရင်းနှီးမြုပ်နှံမှု စာရင်းတွင် လုပ်ငန်းရည်မှန်းရန် အဆိုပြုချက်များရေးဆွဲရေးနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပြောကြားကာ အစည်းအဝေး တက်ရောက်လာသော ဌာဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

သန်းမြတ်စိုး(ပြန်/ဆက်)