အဆိုတော် နောနော် ဘယ်အကြောင်းအရာတွေကြောင့် ပြောင်းလဲ သွားလည်း

ရန်ကုန် ၂၅ ဇန်နဝါရီ
 
 
အတိုင်းထက်အလွန်၊ အကန့်သတ်မရှိ၊ အိမ်မက်ထဲကလူ၊ လေးလေးနက်နက်၊ ဆရာကြီး နှင့် သူ၏ တပည့်များ  စသည့် တေးစီးရီးခွေ များနှင့်အတူ ယခုလ (၂၃ ) တွင် The Sunmusic ကနေ ဖြန့်ချိခဲ့သည့်  သူ ၏ နောက်ဆုံး တေးစီးရီးခွေဖြစ်သည့် " အရှေ့ ၊အနောက် ၊တောင် ၊မြောက် " ဟုအမည်ပေးထားသော (၆) ခွေမြောက်စီးရီး ကို ပရိသတ်တွေ အတွက် အကောင်းဆုံးဖန်းတီးက ထွက်ရှိခဲ့ကြောင်းသိရသည် ။
 
 
မေး ။ ။   အရှေ့ ၊အနောက် ၊တောင် ၊မြောက် စီးရီးလေးနဲ့ ပတ်သက်ပြီး ပြောပြပါလား။
 
ဖြေ ။ ။ " ကျွန်တော် ဒီခွေလေးကို ဖန်တီးနေတာတော့ (၅) ခွေမြောက် စီးရီး ထွက်ကတည်းကပါ ၊ " အရှေ့ ၊အနောက် ၊တောင် ၊မြောက်ဆိုတာကတော့  ကျွန်တော် ပရိသတ်တွေကို တင်စားတဲ့ အနေနဲ့ ပေးထားတာပါ ၊ သီချင်းအားလုံးကိုယ်ပိုင်သံစဉ်တွေပါပဲ ၊ ကျွန်တော် စိတ်ကြိုက်သီချင်းတွေ လည်းပါတယ် ၊ အခြားတေးရေး ဆရာတွေ ရဲ့ ခံစားမှုတွေလည်း ပါပါတယ် ၊ ပြန်တွေ့ရင် ဆိုတဲ့ သီချင်းလေးကတော့ ကျွန်တော်  ပရိသတ်အကြိုက်တွေ့မယ် သီချင်းလေးလို့ ထင်ပါတယ် ၊ကောင်မလေးတစ်ယောက်ကို သိပ်ချစ်တဲ့ ကောင်လေးတစ်ယောက် နေရာကနေ ခံစားပြီးဆိုထားတာပါ။ သကြားလုံးလေးတစ်လုံး ငုံထားမိသလို ပဲပေါ့နော်။  ဒီအခွေမှာ   တေးသီချင်း (၁၂) ပုဒ် ပါဝင်ပါတယ် ၊တေးသီချင်း (၉) ပုဒ်ကို ကိုယ်တိုင်ရေးသား ထားပါတယ် ၊ကျန်တဲ့ (၃) ပုဒ်ကိုတော့  တေးရေး ဒူးဒူ ၊ သူရိန် ၊ ညလင်းထယ်တို့က ရေးသားထားကြပါတယ်။
 
 
မေး ။ ။ အခု အချိန် မှာ နောနော်က အရမ်းကို နုသွားတယ် ၊ဂီတပိုင်းရော ပြောင်းလဲ မှုတွေရှိလား။
 
ဖြေ ။ ။  အဓိကကတော့ ကျွန်တော် အားလုံးကို ချိန်းခြင်ခဲ့တာမို့ ကျွန်တော် အရင် ကပုံစံမျိူးမဟုတ်တော့ဘဲ  Up Date လုပ်လိုက်တာပါ  ၊ သီချင်းတွေက Rock ဖြစ်တုန်းပါပဲ ။ အရင်လိုပဲ ဆံပင်အရှည်ထားချင်ပါတယ် ၊ နားကပ်တွေလဲ ဝတ်မှာပါ။ ဒါပေမယ့်သေချာပြန်စဉ်းစားကြည့်တော့ ကျွန်တော် အဆင်မပြေဘူးဗျာ။့ ဘာလို့လဲဆို ခေါင်းလျော်ရတာလဲမသက်သာဘူး။ တစ်ကိုယ်ရေသန့်ရှင်းမှုပိုင်းအရအဆင်မပြေဘူး ပေါ့နော် ။ ကျွန်တော် လူတင်ပြောင်းလဲ သွားတာမဟုတ်ပါဘူး စိတ်ပါပြောင်းလဲသွားတာပါ ကျွန်တော် ရဲ့ ဘုရားသခင်ပါပဲ ဘာသာရေးနဲ့ပတ်သက်ပြီးကျွန်တော်ပြောတာပါ။ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ် ၊ ကျွန်တော် ငယ်ငယ်ကတည်းက အဖေနဲ့အမေက ဘုရားသခင်ကို ကိုးကွယ်ကြတာပေါ့နော် ၊ သူတို့ကိုးကွယ်လို့ ကျွန်တော်က ကိုးကွယ်တာပါ။ ဒါပေမယ့် ကျွန်တော် (၂၀၁၄) မှာမှ နဖူးတွေ့ ဒူးတွေ့ တွေ့လိုက်ရတာပါ ၊  သူရဲ့ ကျမ်းစာတွေကို ဖတ်ရင် းနဲ့ အဲ့ထဲကအတိုင်းနေထိုင်ရင် း နဲ့ ပြောင်းလဲသွားတာပါ။
 
 
မေး ။ ။  သီချင်းတွေ နဲ့ ပတ်သက်ပြီး ဘယ်လို ခံစားချက်တွေ နဲ့  ဖန်တီးဖြစ်ခဲ့တာလဲ။
 
ဖြေ ။ ။  ကျွန်တော်က အချစ်ကို ဦးစားပေးတဲ့ သူထဲ မှာ ပါတယ် ၊ ချစ်ခြင်း မေတ္တာ ဆိုတာ ကမ္ဘပေါ်မှာ ရှိရင် တကယ်ကို မင်္ဂလာရှိပါတယ် ၊အခု ဖြစ်နေကြတဲ့ အကြမ်းဖက်မှုတွေက အချစ်မရှိကြလို့ပါ ၊ အဲ့တော့ ကျွန်တော် ဒီအခွေ နဲ့ ပတ်သက်ပြီး အချစ် နဲ့  ဆက်နွယ်တာလေးတွေဘဲ ထည့်ထားပါတယ် ၊ နောက် အဖေ ဆိုတဲ့ သီချင်းလေး အဲ့သီချင်းလေးက တော့ မိဘ နဲ့ပတ်သက်ပြီး ရေးထားတာပါ မိဘဟာ ဘယ်လောက်ပင်ကိုယ်အပေါ် မကောင်း ပါစေ မိဘဟာ မိဘပါပဲ ၊ မိဘဆိုတာ ရိုသေရတယ် ကိုယ့်မိက လွယ်ပြီး ကိုယ့်အပေါ် ဘယ်သူကမှ မကောင်းနိုင်ဘူး ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ရေးခဲ့တာပါ ၊ ဒီအခွေလေးက ပရိသတ်အတွက် ဂီတနဲ့ပတ်သက်ပြီး ရသတစ်မျိူးရစေမယ့်လို့ မြင်ပါတယ် ။
 
 
ကိုလင်း