ဝန်းသို ၂၆ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် Convid-19 ရောဂါကြိုတင် ကာကွယ်နိုင် ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်စက်ချုပ် သင်တန်းဖွင့်ရက်အား အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားထားကြောင်း သိရသည်။
ကမ္ဘာ့အနှံ့ ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် ဧပြီလ(၁)ရက်မှ (၃၀)ရက် နေ့အထိ ဖွင့်လှစ်ရန် ကြေညာထားသော်လည်း လူစုလူဝေးဖြင့်ဆောင်ရွက်ရန် မသင့်လျော်သည့် အတွက်ကြောင့် သင်တန်းရက်အား အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း ထံမှသိရသည်။
မွှေးကြူဇင်


